Thailand

ယ်စပ်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားများနှင့်စပ်လျဉ်းသည့် ကြိုးနီစနစ်ဖျက်သိမ်းပေးရန် ထိုင်း နိုင်ငံ ဆုန်ခလာဒေသရှိ ခရီးသွားလုပ်ငန်းရှင်များက တောင်းဆို

Last Updated:

မလေးရှားခရီးသွားများ ဝင်ရောက်မှုကို အတားအဆီးဖြစ်စေသည့် အခြားစစ်ဆေးရေးဂိတ်များတွင် TM6 လူဝင်မှုကြီးကြပ်ရေးဖောင်များ ဖျက်သိမ်းပေးရန်နှင့် အချိန်ပိုဝန်ဆောင်မှုအခကြေးငွေများ ဖယ်ရှားပေးရန် ထိုင်းနိုင်ငံ၊ ဆုန်ခလာဒေသရှိ ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလိုက်ပါသည်။

ယခုအပတ်အတွင်း ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးက ဆုန်ခလာရှိ  စထောင် စစ်ဆေးရေးဂိတ်တွင် TM6 ဖောင်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ဖျက်သိမ်းခြင်းကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ အောက်တိုဘာ ၂၂ ရက်နေ့ စာရင်းဇယားအရ မလေးရှားလူမျိုးများ ၃.၅၄ သန်း ရောက်ရှိလာပါကြောင်း၊ တရုတ်လူမျိုး ၂.၇ သန်း ဖြစ်ကြောင်း သိရှိရပါသည်။

ပိတ်ရက်များတွင် စထောင်စစ်ဆေးရေးဂိတ်မှ ဝင်ရောက်သည့်ဦးရေသည်  ၁ နာရီလျှင် ၅၀၀-၆၀၀ ဦးရေကျော်ရှိသဖြင့် နယ်စပ်၌ ခရီးသွားများ ပိတ်ဆို့မှုကို ကြုံတွေ့ရပါကြောင်း၊ ကြိုးနီစနစ်ကို ဖျက်သိမ်းပေးမည်ဆိုပါက ခရီးသွားများဝင်ရောက်မှုတွင် လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း၊ အဓိက စစ်ဆေးရေးဂိတ်များတွင် ပိတ်ဆို့နေမှုကို ဖြေလျှော့ရန်မှာ အစိုးရအနေဖြင့် စထောင်စစ်ဆေးဂိတ်၏ ၁၀ ကီလိုမီတာအကွာအဝေးတွင်ရှိသော ဒုတိယအကြီးဆုံး စစ်ဆေးရေးဂိတ်ဖြစ်သည့် ပထောင်ဘဲဆာ ဂိတ်တွင်လည်း ဖောင်ကို ဖျက်သိမ်းသင့်ကြောင်း ဆုန်ခလာခရီးသွားမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Songchai Mungprasithichai က အကြံပြုထားပါသည်။

မလေးရှား ခရီးသွားများ ဝင်ရောက်မှုရှိသည့် ယလာနှင့် စတွန်းရှိ ဝင်ပေါက် ၂ ခုတွင် ဖောင် တောင်းခံခြင်းကို ကင်းလွတ်ပေးသင့်ကြောင်း၊ ခရီးသွားများအတွက် အခြားသော အခက်အခဲမှာ နံနက် ၅ နာရီမှ ၉ နာရီ၊ မွန်းတည့်ချိန်မှ နေ့လယ် ၁ နာရီ နှင့် ၄ နာရီခွဲမှ ည ၁၁ နာရီများတွင် အချိန်ပို ဝန်ဆောင်မှု အခကြေးငွေ ပေးရခြင်းဖြစ်ကြောင်း၊ ခရီးသွား ၁ ဦးလျှင် ဘတ် ၂၀၊ ခရီးသွားကား ၁ စီးလျှင် ဘတ် ၅၀၀ စသည်ဖြင့် ဖြစ်ကြောင်း၊ TM6 ဖောင် ကင်းလွတ်သွားသော်လည်း အလုပ်ချိန်ပြင်ပ ဝင်ရောက်ပါက အဆိုပါ အခကြေးငွေ ပေးချေရန် ကြာရှည်စွာ စောင့်ဆိုင်းရပါကြောင်း ၎င်းက မြေပြင်အခြေအနေကို ပြောကြားခဲ့ပါသည်။

မလေးရှားခရီးသွား မော်တော်ယာဉ်များအား ဆုန်ခလာအတွင်းသာသွားလာရန် ကန့်သတ်ချက်ကိုလည်း ဖြေလျှော့စေလိုကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည့် ယင်းကန့်သတ်ချက်ကြောင့် အခြားပြည်နယ်များရှိ ပွဲတော်များနှင့် ပင်လယ်ကမ်းခြေမြို့များသို့ သွားရောက်လည်ပတ်လိုသည့် မလေးရှား ခရီးသွားများစွာသည် ၁ လ လျှင် ခရီးသွား ၅၀,၀၀၀- ၆၀,၀၀၀ ဦးရေ ဆုံးရှုံးနေရကြောင်း၊ အခြား ပြည်နယ်များသို့ တိုက်ရိုက်လေကြောင်းလိုင်း စီစဉ်ပေးနိုင် သော ခရီးသွားလုပ်ငန်း ၃၀ ခန့် ဆုန်ခလာတွင် ရှိပါကြောင်း၊ ခရီးသွားမော်တော်ယာဉ်များကို အသုံးပြုခြင်းအစား ခရီးစဉ်ကို အတိုချုံ့လိုက်ပါက လမ်းကြောင်းတစ်လျှောက်ရှိ လုပ်ငန်းများ၏ ဝင်ငွေဆုံးရှုံးနိုင်ကြောင်း ဥက္ကဋ္ဌဖြစ်သူ Mr. Songchai က သုံးသပ်ထားပါသည်။

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand