China(Nanning)

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကို မြှင့်တင်ရန် ကြိုးစားလျက်ရှိ

Last Updated:

တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ဒူးရင်းသီး ဈေးကွက်ဝေစုကို ထိန်းသိမ်းထားနိုင်ရန် ထိုင်းအာ ဏာပိုင်များသည် လယ်ယာလုပ်ငန်းခွင်ချဲ့ထွင်ခြင်းနှင့် အဆင့်မြင့်နည်းပညာအသုံးပြု၍ သစ်သီး အရည်အသွေးမြှင့်တင်ခြင်းအပါအဝင် နည်းလမ်းများစွာကို အကောင်အထည်ဖော်ဆောင် ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရသည် သစ်သီးဝလံများ အထူးသဖြင့် ဒူးရင်းသီးတင်ပို့မှုအတွက် အရည်အသွေး ထိန်း ချုပ်မှု မူဝါဒများကို တိုးမြှင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒူးရင်းသီး၏ အရည်အသွေးကို အာမခံပြီး ပိုးသတ်ဆေးအကြွင်းအကျန်များ အလွန်အကျွံ မဖြစ်စေရန် တင်းကြပ်သော စီမံခန့်ခွဲမှုနှင့် အရည်အသွေးထိန်းချုပ်မှု စံနှုန်းများကို ချမှတ်ထားကြောင်း သိရှိရပါသည်။

မရင့်မှည့်သေးသောဒူးရင်းသီးများအား ခူးဆွတ်ရောင်းချခြင်းကို တားမြစ်ထားသော ဥပဒေ သည် ထိုင်းဒူးရင်းသီးတင်ပို့မှုအတွက် အရည်အသွေးပိုင်းထိန်းသိမ်းခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ် ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်လိမ့်မည်ဟု Chai က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရအနေဖြင့် အနာဂတ်၌ ဒူးရင်းသီးစားသုံးမှုသည် လက်ရှိပမာဏထက် (၁၅)ဆ တိုးလာကာ တန်ချိန် (၁၅)သန်းခန့်အထိ တိုးလာမည်ဖြစ်ကြောင်းနှင့် ဒူးရင်းသီးတင်ပို့မှုတန်ဖိုး ဘတ် (၁)ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇.၂၃ ဘီလီယံ)အထိ သိသိသာသာ တိုးမြှင့်နိုင်မည် ဟု  မျှော်မှန်းထားကြောင်းChai က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ဒူးရင်းသီးဈေးကွက်ကြီးသည် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးအထွက်နှုန်းကို မြှင့်တင်ပေး သည့်အပြင် ထိုင်းနိုင်ငံ၏ ပြိုင်ဖက်ဖြစ်လာသည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော အရှေ့ တောင်အာရှနိုင်ငံများကို ဆွဲဆောင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် လတ်လတ်ဆတ်ဆတ်ဒူးရင်းသီးတန်ချိန် (၁.၄၂) သန်းရှိပြီး ထိုင်းက (၆၅)ရာခိုင်နှုန်း၊ ဗီယက်နမ်က (၃၅)ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က (၁) ရာခိုင်နှုန်းအောက်သာ တင်သွင်းခဲ့ကြောင်း တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာ ပိုင်အဖွဲ့မှ သိရှိရပါသည်။

ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများရှိနေသော်လည်း တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီးတင်ပို့မှု တန်ဖိုးသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄.၅)ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်ပြီး ယခင်နှစ်ကထက် (၁၂)ရာခိုင်နှုန်း တိုးလာမည်ဟု ဘန်ကောက်အခြေစိုက် Kasikorn သုတေသန စင်တာမှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်နေခြင်းကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ ဒူးရင်းသီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများသည် ဒူးရင်းအရည်အသွေးမြှင့်တင်ရန် နည်းပညာအကူအညီကို ရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံရှိ Commercial Association for Sustainability of Agriculture သည် ထိုင်းနိုင်ငံအနောက်ပိုင်း ချန်သဘူရီခရိုင်တွင် ဒူးရင်းခြံများ တည်ဆောက်ရန် အတွက် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန (Foreign Economic Cooperation Center-FECC) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သိပ္ပံပညာရှင်များသည် အဆိုပါပြည်နယ်ရှိ ရှေ့ပြေးဥယျာဉ်ခြံအများအပြားတွင် မိုးလေဝ သ၊ ရေမျက်နှာပြင်နှင့် မြေဆီလွှာအစိုဓာတ်ကို စောင့်ကြည့်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ရန် ကူညီပေးခဲ့ကြောင်း၊ ယင်းစက်ကိရိယာများသည် ဒူးရင်းသီးကို သိပ္ပံနည်းကျ စိုက်ပျိုးခြင်းနှင့် အသီးအရည်အသွေး မြှင့်တင်ခြင်းအတွက် အချက်အလက်များ ပံ့ပိုးပေးနိုင် ကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်စေရန်အတွက် FECC သည် အွန်လိုင်း ရောင်းချမှု များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းများ လုပ်ဆောင်ရန် တရုတ် နိုင်ငံ၏ e-commerce ပလပ်ဖောင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း Chumphon ပြည်နယ်ကဲ့သို့ အခြားသော ဒူးရင်းသီး အဓိကစိုက်ပျိုး ထုတ်လုပ်သည့် ဒေသများမှ ဒေသဆိုင်ရာအာဏာပိုင်များသည် ၎င်းတို့၏အမှတ်တံဆိပ်ကို မြှင့်တင်ရန် ပွဲတော်များ ကျင်းပခြင်းဖြင့် သစ်သီးကုန်သွယ်မှုကို မြှင့်တင်လျက်ရှိကြောင်း သိရှိရ ပါသည်။

ပြီးခဲ့သည့် သီတင်းပတ်က Chumphon တွင် ဒူးရင်းပွဲတော်ကို ကျင်းပခဲ့ပြီး တရုတ် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများ နှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များကို ဖိတ်ကြားခဲ့ ကြောင်း သိရှိရပါသည်။

ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Wisah Poolsirirat က ယခုနှစ်တွင် ဒူးရင်းသီးတန်ချိန် (၂၅၀,၀၀၀)ထွက်ရှိမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် ဘတ် (၃၃) ဘီလီယံကျော် ဝင်ငွေရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဒူးရင်းသီး စိုက်ပျိုးသည့်ဧရိယာ တိုးချဲ့ခြင်းသည် အဓိကအားဖြင့် ကုန်သွယ်ဖက်နိုင်ငံများမှ လိုအပ်ချက်များ တိုးပွားလာနေခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့အနက်မှ (၇၀)ရာခိုင်နှုန်းသည် တရုတ် နိုင်ငံမှဖြစ်ကြောင်း Wisah က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဒူးရင်းသီးအရည်အသွေးကို ပိုမိုတိုးတက်စေပြီး တရုတ်ဖောက်သည်များအကြားတွင် ထိပ်တန်း အမှတ်တံဆိပ်တစ်ခုဖြစ်လာစေရန် လုပ်ဆောင်သွားမည်ဟု ၎င်းကထပ်မံပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202406/20/WS66740d48a31095c51c509fdf.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)