China(Nanning)

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) သည် ၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ GDP တိုးတက်မှု ခန့်မှန်းချက်ကို (၅)ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့

Last Updated:

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP တိုးတက် မှုခန့်မှန်းချက်ကို (၅)ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့ကြောင်း IMF ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ Gita Gopinath က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

IMF အဖွဲ့သည် 2024 Article IV Consultation အတွက် မေလ (၁၆)ရက်နေ့မှ (၂၈)ရက်နေ့ အထိ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ပေကျင်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် Gopinath က ထိုသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ခိုင်မာသော GDP တိုးတက်မှုနှင့် မကြာသေးမီက မူဝါဒပိုင်းဆိုင်ရာအစီအမံများကြောင့် ထိုသို့ GDP တိုးတက်မှုကို တိုးမြှင့်ခန့်မှန်းထားခြင်းဖြစ်သည်ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

တရုတ်အစိုးရသည် အိမ်ခြံမြေကဏ္ဍ၊ ပြည်တွင်းအစိုးရကြွေးမြီများနှင့် အသေးစားဘဏ္ဍာရေး အဖွဲ့အစည်းများနှင့်ပတ်သက်သည့် အားနည်းချက်များကို ဖြေရှင်းရာတွင် အလေးထားဆောင်ရွက် လျက်ရှိကြောင်း သူမက မှတ်ချက်ပြုခဲ့သည်ဟု သိရှိရပါသည်။

Gopinath ၏ အဆိုအရ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဈေးကွက်ဦးစားပေးသည့်ပြုပြင်ပြောင်းလဲခြင်းများ၊ ကုန်သွယ်မှုဖြေလျှော့ပေး ခြင်းနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များအတွင်းသို့ ပေါင်းစည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရ ပါသည်။

စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသောနိုင်ငံများ၌ Debt restructuring ကိစ္စရပ်များနှင့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သောစီးပွားရေးအသွင်ကူးပြောင်းမှုကို မြှင့်တင်ဆောင်ရွက်ရာတွင် တရုတ် နိုင်ငံသည် အရေးကြီးပြီး အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သူမက ပြောကြား ခဲ့ပါသည်။

တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း ၎င်း၏အဖွဲ့သည် စီးပွားရေးအလားအလာ၊ အန္တရာယ်များ၊ ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများအပေါ် အမြင်ချင်း ဖလှယ်ရန်အတွက် အစိုးရအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင် များနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု IMF က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20240530/354f8c276ae942cba7ed0a3feb9f476a/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)