Thailand

ထိုင်းနိုင်ငံ၌ ကာဗွန်အခွန်ကောက်ခံခြင်းကို ၂၀၂၅ ခုနှစ်စတင်ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ ယစ်မျိုးခွန်ဦးစီးဌာနက ကာဗွန်အပေါ် အခွန်ကောက်ခံခြင်းကို ၂၀၂၅ ခုနှစ်တွင် စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း၊ ဆီအပေါ်အခွန်ဝန်ထုပ်ဝန်ပိုးကြီးသည် ဆက်လက်တည်ရှိနေမည်ဖြစ်သဖြင့် အဆိုပါ ကောက်ခံမှုကို ပြည်သူများက ကြိုက်နှစ်သက်မှုမရှိပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Ekniti Nitithanprapas ၏ ပြောကြားချက်အရ သိရှိရပါသည်။

ကာဗွန်အခွန်ကောက်ခံခြင်းသည် ၂၀၂၅ ခုနှစ်တွင် အသက်ဝင်မည့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှု အက်ဥပဒေနှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ကာဗွန်အခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ ကမ္ဘာ့လုံးဆိုင်ရာ ကျင့်သုံးနေသည့် နည်းလမ်းများကို လေ့လာထားပြီး နိုင်ငံတကာ စံနှုန်း များကို လက်ခံကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ယခင်က မော်တော်ယာဉ်အခွန်သည် အင်ဂျင်အစားထိုးမှုအပေါ် မူတည်ကောက်ခံခဲ့သော်လည်း ယခုမှာမူ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ် လွှတ်မှုပေါ် မူတည်ကောက်ခံပါကြောင်း၊ ၁ ကီလိုမီတာလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၀၀ ဂရမ်ထုတ် လွှတ်သည့် မော်တော်ယာဉ်၏ အခွန်နှုန်းထားသည် ၃၅ ရာခိုင်နှုန်းဖြစ်ပြီး ၁၅၀ ဂရမ်အောက် လျော့ နည်းထုတ်လွှတ်ပါက ၂၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ကာဗွန်အခွန်ကောက်ခံခြင်းကို စက်သုံးဆီနှင့်စတင်မည်ဖြစ်ပြီး စက်သုံးဆီအခွန်တစ်စိတ် တစ်ပိုင်းကို ကာဗွန်အခွန်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သောကြောင့် အဆိုပါ အခွန်ကြောင့် ပြည်သူ များ အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါကြောင်း၊ ဥပမာအားဖြင့် ဒီဇယ်အပေါ် လက်ရှိအခွန်မှာ ၁ လီတာ လျှင် ၆.၄၄ ဘတ်ဖြစ်ပါကြောင်း၊ ဒီဇယ် ၁ လီတာလျှင် ကာဗွန် ၀.၀၀၂၆ တန် ထုတ်လွှတ်ပါကြောင်း၊ ကာဗွန်အခွန်နှုန်းထားမှာ ကာဗွန် ၁ တန်လျှင် ဘတ် ၂၀၀ ဖြစ်သဖြင့် ပျမ်းမျှ ၁ လီတာလျှင် ဒသမ ၄၆ ဖြစ်ပါကြောင်း၊ အဆိုပါ ကာဗွန်အခွန်ကို ဒီဇယ်အခွန်တွင် ပါဝင်မည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ကာဗွန်အခွန်သည် စင်ကာပူနှင့် ယှဉ်နိုင်ပြီး အာဆီယံနိုင်ငံများတွင် ဒုတိယမြောက် ကာဗွန်အခွန် ကောက်ခံသည့် နိုင်ငံဖြစ်ပါကြောင်း Mr. Ekniti က ဆက်လက်ပြောကြားပါသည်။

ဥရောပသမဂ္ဂသည် ၂၀၂၆ ခုနှစ်တွင် ကုန်စည် ၅ မျိုးအပေါ် Carbon Border Adjustment Mechanism ကို စတင်တော့မည်ဖြစ်ရာ ပို့ကုန်ဦးစားပေး စက်ရုံများဖြစ်သော ထိုင်းသံမဏိစက်ရုံများ သည် သံမဏိများကို အရည်ဖျော်ရန် ဒီဇယ် ဝယ်ယူရသောကြောင့် ဒီဇယ်ဈေးနှုန်းထဲတွင် ကာဗွန်အခွန် ပါဝင်နေခြင်းသည် ချက်ချင်းခံစားခွင့်ရရှိမည့် ကာဗွန်အခွန်ကောက်ခံခြင်း၏ အကျိုးရလဒ်ဖြစ်ပါ ကြောင်း၊ ကာဗွန်အခွန်ဖြတ်တောက်ရာတွင်လည်း ထိုင်းလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်မှုဖြစ်စေရေးကို လည်း ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားအသုံးပြုမှုမြှင့်တင်နိုင်ရေးအတွက် မြှင့် တင်ရေးအစီအမံများလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် လျှပ်စစ်မော်တော်ကားရောင်းချမှုသည် ၆၈၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါ ကြောင်း၊ လျှပ်စစ်မော်တော်ကားအပေါ် အခွန်နှုန်းထားသည်လည်း ၈ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါကြောင်း၊ ယင်းအစီအစဉ်ကြောင့် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂၄၀,၀၀၀ ထိ လျော့ကျစေ ခဲ့ပါကြောင်း၊ လျှပ်စစ်မော်တော်ကားထုတ်လုပ်သူများအတွက် မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက် ပေးမှုကြောင့် မော်တော်ကား ကုမ္ပဏီ ၂၂ ခုက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၈၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ လာခဲ့ပါကြောင်း၊ ဘတ္တရီအခွန်ကို မော်တော်ကားဘတ္တရီ၊ မီးလုံးဘတ္တရီနှင့် Power Bank ဘတ္တရီ အမျိုး အစားအားလုံးအပေါ် ၈ ရာခိုင်နှုန်း တူညီစွာကောက်ခံလျက်ရှိသဖြင့် အဆိုပါ ဘတ္တရီအခွန်ကို နှုန်းထား ကွဲပြားစွာ ကောက်ခံနိုင်ရေး  ဦးစီးဌာနအနေဖြင့် လေ့လာနေပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် အလေ့အကျင့်ဖြစ်စေရန် ပြန်လည်အသုံးချသည့် အလေ့အထအတွက် အခွန်လျှော့ပေါ့ပေးသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့ပါသည်။

ကုန်သည်များကို သက်ရောက်မှုရှိစေမည့် ၂၀၂၆ ခုနှစ်တွင် စတင်အသုံးပြုမည့် ဥရောပသမဂ္ဂ၏ CBAM အရ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိမှုသည် ဦးစားပေးဖြစ်ပါကြောင်း၊ အဆိုပါ သက်ရောက်မှုကို ကာကွယ်ရန်နှင့် ယှဉ်ပြိုင်စွမ်းအား ရှိစေရန်မှာ စီးပွားရေးလုပ်ငန်းများသည်  အခွန်ဥပဒေကို မဖြစ်မနေ လိုက်နာဆောင်ရွက်သွားနိုင်ရေး ဦးစီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံများ၏ ပြောင်းလဲလာသည့် လမ်းကြောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် ပိုမိုအလေး ထားလာနိုင်ရေးအတွက် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန် ဥရောပသမဂ္ဂ၏ CBAM သည် ထုတ်လုပ် ရေးကဏ္ဍမှ လုပ်ငန်းရှင်များ၊ ကုန်သည်များ အထူးအလေးထား ဆောင်ရွက်ရန်ဖြစ်ရာ အခွန်ဖြင့် ထိန်း ချုပ်နိုင်ရေး ထိုင်းနိုင်ငံ အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand