Korea

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံတန်ဖိုးရှိ နျူကလီးယားစက်ရုံ တည်ဆောက်ရန် အမှာစာကို ချက်သမ္မတနိုင်ငံထံမှ ရရှိ

Last Updated:

တောင်ကိုးရီးယားနိုင်ငံရှိ နိုင်ငံပိုင်နျူကလီးယားစက်ရုံကို လည်ပတ်ဆောင်ရွက်နေသည်ကို ရီးယားရေအားနှင့် နျူကလီးယားစွမ်းအင် (Korea Hydro & Nuclear Power-KHNP) သည် ချက် သမ္မတနိုင်ငံတွင် နျူကလီးယားစက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိ စီမံကိန်းကိုရရှိရန် ချက်သမ္မတနိုင်ငံအစိုးရအဖွဲ့အစည်းအဝေးက အရွေးချယ်ခံထားရသည်ဟု KHNP ကပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် Barakah နျူကလီး ယားစွမ်းအင်စက်ရုံ တည်ဆောက်ခွင့် (သို့မဟုတ်) တင်ပို့ခွင့်ကို ၂၀၀၉ ခုနှစ်ကလည်း စာချုပ်ချုပ် ဆို၍ တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ ချက်သမ္မတနိုင်ငံတွင် နျူကလီးယားစက်ရုံ တည်ဆောက်ခွင့် (သို့မဟုတ်) တင်ပို့ခွင့်ရခြင်းသည် ၂၀၀၉ ခုနှစ် နောက်ပိုင်း အောင်မြင်မှုခြေလှမ်း တစ်ခုဖြစ်ပါသည်။ ချက်သမ္မတနိုင်ငံတွင် နျူကလီးယားစက်ရုံ တည်ဆောက်ရန် လေလံဆွဲရာတွင် ပြိုင်ဘက်ဖြစ်သည့် ပြင်သစ်နိုင်ငံမှ နိုင်ငံပိုင် (Electricité de France- EDF) ကို ယှဉ်ပြိုင်အနိုင်ရခဲ့ ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ KHNP ကို ရွေးချယ်ခံရခြင်းသည် ကမ္ဘာ့စင်မြင့်တွင် တောင်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစွမ်းအင်လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှုကို ဖော်ပြနိုင်သည့်ရလဒ်ဖြစ်ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ စီးပွားရေးအသိုင်းအဝိုင်းများ၏ ထောက်ပံ့ ပေးမှုကြောင့် ရရှိသည့်ရလဒ်ဖြစ်သည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း သမ္မတယွန် ဆုခ်ယော်က ပြောကြားခဲ့ပါသည်။

ယခုစီမံကိန်းအရ ချက်သမ္မတနိုင်ငံရှိ Dukovany တွင် နျူကလီးယားဓါတ်ပေါင်းဖိုနှစ်လုံး တည်ဆောက်ရမည်ဖြစ်ပြီး Temelin တွင်လည်း နောက်ထပ် နှစ်လုံးတည်ဆောက်သွားရန် ချက် သမ္မတနိုင်ငံအစိုးရက စဉ်းစားလျက်ရှိပါသည်။ KHNP သည် Doosan Enerbility ၊ Daewoo E&C အပါအဝင် အခြားသောနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီများစွာနှင့်သာမက ချက်သမ္မတနိုင်ငံရှိ ကုမ္ပဏီများ စွာနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ပြင်သစ်နိုင်ငံ ကုမ္ပ ဏီများထက် ဈေးနှုန်းလျော့နည်းသည့်အပြင် ခေတ်မီအဆင့်မြင့်နည်းပညာနှင့် အရည်အသွေး မြင့် မားမှုများကို ကမ်းလှမ်းနိုင်သည့်အတွက် KHNP ကိုရွေးချယ်ခြင်းဖြစ်ကြောင်း ချက်သမ္မတနိုင်ငံမှ အဆင့်မြင့်အရာထမ်းတစ်ဦးက ပြောကြားပါသည်။

ယခုအခွင့်အရေးသည် တောင်ကိုရီးယားနိုင်ငံအား နျူကလီးယားစွမ်းအင်စက်ရုံ တည် ဆောက်နိုင်သည့် ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် တက်လှမ်းလာနိုင်ရေး လှေကားတစ်ခုဖြစ်ပါကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတရုံးမှ အမျိုးသားမူဝါဒရေးရာညွှန်ကြားရေးမှူး Mr. Sung Tae-yoon က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြားစာချုပ်ကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် အပြီးသတ်ချုပ်ဆိုသွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်မှုကို ၂၀၂၉ ခုနှစ်တွင် စတင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဦးဆောင်နျူကလီးယားစွမ်း အင်စက်ရုံကို ၂၀၃၆ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရေးရည်မှန်းထားကြောင်း KHNP ကပြောကြားခဲ့ ပါသည်။

 

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်း။

Category: Korea