Thailand

ယခုနှစ်အတွင်း သကြားဈေးနှုန်း အနည်းငယ်ကျဆင်းနိုင်ကြောင်း ထိုင်းသကြားထုတ်လုပ်သူ Khon Kaen Sugar Industry Plc (KSL) က ခန့်မှန်းထား

Last Updated:

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့သကြားဈေးသည် ၁ ပေါင်လျှင် အမေရိကန်ဒေါ်လာ ၀.၂၂ မှ ၀.၂၃ ကြား ရှိနိုင်သည်ဟု ခန့်မှန်းရပြီး ၁၂ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းစံချိန်ဖြစ်ခဲ့သော ယခုနှစ် ပထမ နှစ်ဝက် အတွင်း ၁ ပေါင်လျှင် ၂၅ စင့်မှ ၂၆ စင့်ကြား ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ် ဈေးနိမ့်နေကြောင်း ထိုင်းသကြားထုတ်လုပ်သူ Khon Kaen Sugar Industry Plc (KSL) က ပြောကြားချက်အရ သိရှိရပါ သည်။

သကြားဈေးနှုန်းမြင့်တက်မှုကြောင့် ထိုင်းသကြားတင်ပို့သူများအတွက် အကျိုးကျေးဇူးရှိသော် လည်း ကမ္ဘာ့အကြီးဆုံး သကြားတင်ပို့သူ ဘရာဇီးနိုင်ငံက အီသနောထုတ်လုပ်ရန် ကြံများကို စီမံဆောင် ရွက်ခြင်းထက် သကြားပိုမိုထုတ်လုပ်ခဲ့ပါက ဈေးနှုန်းသည် အတက်အကျဖြစ်နိုင်ကြောင်း၊ ရေကြီးခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးစရိတ်နှင့် ပထဝီနိုင်ငံရေးပဋိပက္ခများကြောင့် ဈေးနှုန်းအပေါ် သက်ရောက်နိုင် ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံပြီးနောက် ဒုတိယအကြီးဆုံး သကြား တင်ပို့သူဖြစ်ပါကြောင်း၊ ဘရာဇီးနိုင်ငံသည် ကမ္ဘာ့သကြားဈေးနှုန်းမြင့်တက်လာမှုကြောင့် ဧပြီလမှစ၍ ၎င်း၏ သကြားထွက်ကုန်ကို ၁၀ ရာခိုင်နှုန်းကျော်ထိ တိုးမြှင့်ခဲ့ပါကြောင်း KSL ၏ ဥက္ကဋ္ဌ Mr. Chalush Chinthammit က သုံး သပ်ပြောကြားထားပါသည်။

တရုတ်နိုင်ငံက ပြည်တွင်းသကြားစားသုံးမှုမြင့်တက်လာမှုကြောင့် သကြားပိုမိုတင်သွင်းလို သော်လည်း အိန္ဒိယနိုင်ငံက ၎င်း၏ လျင်လျင်မြန်မြန်တိုးတက်လာလျက်ရှိသော စက်ရုံများကို ဖြည့် ဆည်းပေးရန်အလို့ငှာ အီသနော ပိုမိုထုတ်လုပ်လိုခြင်းကြောင့် သကြားပိုမို မတင်ပို့လိုကြောင်း၊ မိုးခေါင် မှု ကြောင့် နိုင်ငံအများအပြားတွင် ကြံထွက်ရှိမှုကျဆင်းခဲ့ပြီး ကမ္ဘာ့သကြား ဈေးနှုန်းသည် အစောပိုင်းက ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည်လည်း မိုးခေါင်မှုကို ခံစားရသဖြင့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ကြံထွက်ရှိမှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ (တန်ချိန် ၅ သန်း) ကျဆင်းခဲ့ကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် ကြံထွက်ရှိမှုသည် တန်ချိန် ၈၂.၁ သန်းဖြစ်သည်ဟု ကြံနှင့်သကြား ဘုတ် အဖွဲ့ရုံးက ထုတ်ပြန်ထားပါကြောင်း၊ သကြား တန်ချိန် ၈.၇ သန်းနှင့် သကာရည် တန်ချိန် ၃.၅ သန်း ထွက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ရာသီနှောင်းပိုင်းတွင် မိုးခေါင်မှုကို ခံစားရမှုနည်းပါးနိုင်ပြီး ကြံပိုမို စိုက်ပျိုးနိုင်ကြောင်း Mr. Chalush က ဖြည့်စွက်သုံးသပ်ထားပါသည်။

လာနီညာရာသီဥတုကြောင့် မိုး ပိုမိုရွာသွန်းနိုင်သဖြင့် သကြားထွက်ရှိမှုကို ၁၀ ရာခိုင်နှုန်း မြင့် တက်လာနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအတွက် ကောင်းမွန်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ကြံတန်ချိန် ၉၀ သန်းမှ ၁၀၀ သန်းထိထွက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါ ကြောင်း၊ KSL သည် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်ပြီး နေ့စဉ် တန်ချိန် ၂၀,၀၀၀ ထုတ်လုပ်နိုင်သည့် ကုမ္ပဏီ၏ တတိယမြောက်သကြားစက်ရုံတည်ဆောက်လျက်ရှိရာ ယခု နှစ် ဒီဇင်ဘာလတွင် စတင်လည်ပတ်ရန်လျာထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand