China (Kunming)

RCEP စျေးကွက်ရှိ တရုတ်ကုမ္ပဏီများ အကောင်းမြင်သဘောထားရှိ

Last Updated:

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို အဆင့်မြင့်အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဒေသတွင်းပွင့်လင်းမှုနှင့် စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့် စီးပွားရေးခေါင်းဆောင်များထံမှ သိရသည်။

(၁-၁-၂၂) ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုဧရိယာကို ဖန်တီးပေးခဲ့ပြီး ဒေသတွင်းနှင့် ပြင်ပစီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း(၆-၁၁-၂၂)ရက်နေ့တွင် ထုတ်ပြန်သည့် HSBC အစီရင်ခံစာတွင် RCEP အဖွဲ့ဝင် ကိုးနိုင်ငံ၌ အခြေစိုက်သည့် ကုမ္ပဏီပေါင်း ၃၄၀၀ နီးပါးက လာမည့် ၁၂ လအတွင်း ၎င်းတို့၏ တရုတ်စီးပွားရေး၀င်ငွေသည် ၂၀ ရာခိုင်နှုန်းတိုးလာမည်ဟု မျှော်လင့်ထားကြောင်း HSBC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

RCEP စျေးကွက်ရှိ ကုမ္ပဏီများသည် ၎င်းတို့၏ တရုတ်နိုင်ငံရှိ လုပ်ငန်းများမှ ၀င်ငွေသည် တစ်နှစ်လျှင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း တိုးလာရန် ၄၀ ရာခိုင်နှုန်းက မျှော်မှန်းထားကြောင်းနှင့် ကုမ္ပဏီများ၏ ၁၀ ရာခိုင်နှုန်းသည် နှစ်စဉ်၀င်ငွေ ၅၀ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်မှန်းထားကြောင်း RCEP ကို ​​အကောင်အထည်ဖော်ခြင်းသည် နိုင်ငံစုံစနစ်၊ လွတ်လပ်စွာကုန်သွယ်မှုနှင့်ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ထိန်းထားရန် သက်ဆိုင်ရာ ပါတီများ၏ ယုံကြည်မှုနှင့် သန္နိဋ္ဌာန်ကိုပြသကြောင်းနှင့် ယင်းသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် အရေးကြီးသော ပံ့ပိုးကူညီမှုများဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးကူညီမည်ဖြစ်ကြောင်း နိုင်ငံတကာ စီးပွားရေးနှင့် စီးပွားရေး တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ Hong Junjie က ပဉ္စမအကြိမ်မြောက် Hongqiao အပြည်ပြည် ဆိုင်ရာစီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dato Lim Jock Hoi က လူ့ဘောင်အဖွဲ့အစည်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလိုအပ်ပြီး အဲဒီအတွက် RCEP ဟာ အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးသဘောတူညီချက်သည် ထောက်ပံ့ရေးကွင်းဆက်များတွင် ရေတိုနှင့် ရေရှည်ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရုံသာမက ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း  အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒါတိုလင်ကပြောကြားခဲ့သည်။

RCEP စျေးကွက်များမှ စစ်တမ်းကောက်ယူထားသည့် အစီရင်ခံစာအရ ကုမ္ပဏီများ၏ ၉၃ ရာခိုင်နှုန်းနီးပါးက RCEP အစီအစဉ်များအောက်တွင် တရုတ်မိတ်ဖက်များနှင့် ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာလာမည်ဖြစ်ကြောင်း၊ ထိုင်းနှင့် ဗီယက်နမ်ကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများမှ အထူးသိသာထင်ရှားသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း တွေ့ဆုံမေးမြန်းချက်များအရ  RCEP ဈေးကွက်ရှိနိုင်ငံများမှ ကုမ္ပဏီများ၏ ၇၈ ရာခိုင်နှုန်းနီးပါးသည် လာမည့် ၂၄ လအတွင်း တရုတ်နိုင်ငံ၌ ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်ကို တိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီးအဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချခြင်းနှင့် မဟာဗျူဟာမြောက် ပေးသွင်းသူများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ခြင်းသည် ၎င်းတို့အာရုံစိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း RCEP သည် ကုန်ကျစရိတ်များကို လျှော့ချရန်၊ ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေရန်နှင့်ကုန်သွယ်မှုကိုမြှင့်တင်ရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ် Firms in RCEP markets optimistic - News - 云桥网英文 (yunnan gateway.com)

Category: China (Kunming)