Japan

Remdesivir ဆေးဝါးကို မေလပထမအပတ်အတွင်း အတည်ပြုရန် ဂျပန်ကြိုးပမ်း

Last Updated:

ဂျပန်အစိုးရသည် Remdesivir ဆေးဝါးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသဆေးအဖြစ် မေလပထမအပတ်အတွင်း အတည်ပြုရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခုက မေလ ရက်နေ့ (တနင်္လာနေ့) တွင် အဆိုပါဆေးဝါးနှင့်ပတ်သက်၍ လျှောက်လွှာတင်သွင်းခဲ့ကြောင်း၊ အကြံပေးအဖွဲ့၏ အတည်ပြုချက်ရရှိပါက အဆိုပါဆေးဝါးကို တရားဝင်အသုံးပြုရန် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံ ရေးဝန်ကြီး   Mr. Kato Katsunobu က ပြောကြားခဲ့ပါသည်။

Remdesivir ဆေးဝါးကို အီဘိုလာရောဂါကူးစက်ခံရသူများအား ကုသရန်အမေရိကန်အခြေစိုက် Gilead Sciences ကုမ္ပဏီက တီထွင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆေးဝါးကို ကိုရိုနာကပ်ရောဂါအတွက် အရေးပေါ် သုံးရန် ဆေးဝါးအဖြစ် မေလ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် ခွင့်ပြုခဲ့ပြီးနောက် ဂျပန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော လူနာများအား ကုသရန် အလားအလာရှိသည့် ဆေးဝါး အဖြစ် အလျင်အမြန် အတည်ပြုနိုင်ရေး စတင်ဆောင်ရွက်ခဲ့ပါသည်။

ဂျပန်နိုင်ငံအတွက် ဖြန့်ဝေပေးနိုင်မည့် ဆေးဝါးပမာဏနှင့်ပတ်သက်၍ အမေရိကန်ကုမ္ပဏီနှင့် ချိတ်ဆက်ညှိနှိုင်းကာ နိုင်ငံအတွက် မြန်မြန်ဆန်ဆန်နှင့် လုံလုံလောက်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း Mr. Kato Katsunobu ကပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။   The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan,The Japan Times, The Japan News, The Asahi Shimbun, The Nikkei Asian Review, The NHK World,The NNA Asia News.

 

Category: Japan