China (HongKong)

SHKP သည် ပြန်လည်တိုးတက်လာစေရန် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖြေလျော့ပေးခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ ဈေးကွက်တန်ဖိုးတွင် အင်အားအကြီးဆုံး အိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Sun Hung Kai Properties (SHKP) သည် ဟောင်ကောင်ဒေသ၌ စီးပွားရေးကျဆင်းမှု များမှ ဆွဲထုတ်နိုင်ရန်၊ လက်လီရောင်းချမှု များနှင့် ဟိုတယ်လုပ်ငန်းများ ပြန်လည်တိုးတက်လာရန် ဘဏ်လုပ်ငန်းများအပေါ် သတ်မှတ်ထားသည့် COVID-19 ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းများ ကို ဖြေလျှောခဲ့ကြောင်း၊ လုပ်ငန်းပြန်လည်တိုးတက်ကောင်းမွန်ရန်မှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 အခြေအနေနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုများ ပြန်လည်ဖွင့်ပေးခြင်းတို့အပေါ် မူတည်နေ ကြောင်း၊ COVID-19 ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းများ ဖြေ လျှော့ ပေးမှုများမှာ အိမ်ခြံမြေ ရောင်းချမှုများနှင့် ငှားရမ်းမှုများမှဝင်ငွေရရှိမှုများနှင့် ဟိုတယ်လုပ်ငန်းများအတွက် အရေးပါကြောင်း၊ COVID-19 ဖြစ်ပွားမှုနှင့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာဒုတိယ လေးလပတ် အတွင်း (၉) ရာခိုင်နှုန်းလျော့ကျခဲ့ရာ ၂၀၁၉ ခုနှစ်၊ ကာလတူ နှိုင်းယှဉ်လျှင် အဆိုးရွားဆုံး လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ လူအချင်းချင်းခပ်ခွာခွာနေထိုင်မှုများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ Gyms များ၊ ပြတိုက်များ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် အချိူ့သော နိုင်ငံများနှင့် ခရီးသွားလာမှုများ ပြန်လည်ဖွင့်လှစ်ရန် အစရှိသည့် COVID-19 ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ရန်အတွက် မကြာခင်ရက်သတ္တပတ်က ဟောင်ကောင် ဒေသ အစိုးရမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟိုတယ်များတွင် လာရောက် တည်းခိုသူများမှာ ၂၀၂၀ ပြည့်နှစ်၊ အစောပိုင်းက (၆၈) ရာခိုင်နှုန်းရှိရာမှ ဇူလိုင်လတွင် (၄၉) ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ SHKP ၏ အသားတင်အမြတ်မှာ ၃၀-၆-၂၀၂၀ ရက်နေ့အထိ(၄၇.၆) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့်ဟောင်ကောင်‌ဒေါ်လာ (၂၃.၅)ဘီလီယံ လျော့ကျခဲ့ကြောင်း၊ ဟောင်ကောင် ဒေါ်လာ (၅.၅) ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုပစ္စည်းများအတွက် တန်ဖိုးပြန်လည်သတ်မှတ်ရာတွင် အမြတ်ငွေ (၉.၄) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ (၂၉.၄) ဘီလီယံ လျော့ကျခဲ့ကြောင်း၊ နောက်ဆုံးအမြတ်ငွေ ခွဲဝေပေးမှုအား ရှယ်ယာတစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ (၃.၇၀) ဒေါ်လာ အဆိုပြုခဲ့ကြောင်း၊ အိမ်ခြံမြေ အခန်းငှားရမ်းမှုနှုန်းတွင် ယခင်နှစ်အစောပိုင်းကရရှိခဲ့သည့်အမြတ်‌ငွေ ဟောင်ကောင် ဒေါ်လာ (၁.၄၃)ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ဟောင်ကောင်ဒေါ်လာ (၃၃၀) မီလီယံ ဆုံးရှုံးခဲ့ကြောင်း၊ SHKP ပိုင်ဆိုင်သည့် Four Seasons Hotel Hong Kong ၊ Hyatt Centric Victoria Harbour နှင့် St Regis Beijing အစရှိသည့် ဟိုတယ်များပါဝင်သည့် ဟိုတယ် (၁၁) ခုမှာ အခန်း (၆၀၀၀) ခန့် ငှားရမ်းမှုများရှိနေပြီး တိုက်ခန်း စီမံကိန်း(၃) ခုတို့မှာလည်း တည်ငြိမ်သည့် အခြေအနေတွင်ရှိကြောင်း၊ Sha Tin မြို့သစ်ရှိ New Town Plaza အစရှိသည့် ဈေးဝယ်စင်တာများသည်လည်း SHKP ၏ ရင်းနှီးမြှုပ်နှံထားမှုတွင် ပါဝင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်း လက်လီအရောင်းဆိုင်များ၏ အခန်းငှားရမ်းခများကို (၃၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းအထိ လျှော့ချ‌ပေးခဲ့ရာ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ (၁) ဘီလီယံရှိကြောင်း၊  COVID-19 ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်း များမှာ ကြာရှည်နေမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုများမှာလည်း ထိန်းချုပ်ခံနေရမည်ဟု မျှော်လင့်ထားကြကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာမှုကြောင့် လည်းအကောက်ခွန်တိုးမြှင့်၍ ပြည်ပကုန်သွယ်ရေးယှဉ်ပြိုင်မှုများ တိုးတက်လာခြင်းနှင့် နိုင်ငံရေး မူဝါဒများနှင့် ပတ်သက်၍လည်း စွန့်စားမှုများရှိနေသောကြောင့်  စီးပွားရေး ပြန်လည်ကောင်းမွန် လာရန်အတွက်ထပ်မံ၍ စိန်ခေါ်မှုများနှင့် မသေချာမရေရာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဈေးဝယ် စင်တာများနှင့် ဟိုတယ်များ အစရှိသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်ရန်မှာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု များ အထူးသဖြင့် တရုတ်ပြည်မကြီးနှင့် အပြည့်အဝပြန်လည် ဖွင့်လှစ်ပေးရန် အချိန်ကိုက်ဆောင်ရွက်ရန် လိုအပ်သော်လည်း မသေချာမှုများရှိနေကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Lam Ka-sing က “SHKP banks on easing of virus rules to revive growth” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင် )

Category: China (HongKong)