India (Kolkata)

ကော်လ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်က တတိယအကြိမ်မြောက် Indo-Pacific Economic Conclave ဖွင့်ပွဲအခမ်းအနားနှင့် Special Session II သို့ ပါဝင်တက်ရောက်

Last Updated:

ကော်လ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်သည် ၁၈-၉-၂၀၂၅ ရက်၊ နေ့လည် ၃:၃၀ နာရီတွင် အိန္ဒိယ သမ္မတနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကော်လ်ကတ္တားမြို့ BCC&I အဆောက်အဦး၌ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း(BCC&I)နှင့်အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်ကျင်းပသည့် တတိယအကြိမ်မြောက် Indo-Pacific Economic Conclave ဖွင့်ပွဲအခမ်းအနားနှင့် Special Session II သို့ ဧည့်သည်တော်နှင့် Panelist အဖြစ် စီးပွားရေးသံမှူးနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံသို့ အိန္ဒိယအစိုးရ ပြည်ပရေးရာဝန်ကြီးဌာန ပူးတွဲအတွင်းဝန် Mr. Shri A. Ajay Kumar၊ အနောက်ဘင်္ဂလားပြည်နယ်အစိုးရ Additional Chief Secretary ဖြစ်သူ Mr. Shri Rajesh Pandey၊ အိန္ဒိယနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Dato’ Muzafar Shah Mustafa၊ Ambassador, Secretary General of BIMSTEC အထွေထွေ အတွင်းရေးမှူးချုပ် သံအမတ်ကြီး Indra Mani Pandey၊ သံအမတ်ကြီးဟောင်း Mr. Manjeev Singh Puri နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါညီလာခံကို (၂)ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး၊ အိန္ဒိယအစိုးရပိုင်းမှ တာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များ၊ အပြည်ပြည်ဆိုင်ရာမှ ကုန်သည်နှင့် စက်မှုလက်မှုအသင်းကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် ကျွမ်းကျင်သူများက အင်ဒို-ပစိတ်ဖိတ်ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဒေသတွင်းရေကြောင်းမိတ်ဘက်ဖြစ်မှုနှင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)