India (Delhi)

၂၀၂၂-၂၀၂၃ ရာသီတွင် သကြားထုတ်လုပ်မှု ၉ ရာခိုင်နှုန်းကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ကြံထွက်ရှိမှုအများဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်သည့် Maharashtra ပြည်နယ်တွင် ကြံထွက်ရှိမှုကျဆင်းမှုနှင့်အတူ အောက်တိုဘာလမှ စတင်သည့် ၂၀၂၂-၂၀၂၃ ရာသီအတွက် သကြားထုတ်လုပ်မှုမှာ ၉ ရာခိုင်နှုန်းခန့်ကျဆင်းနိုင်ကြောင်း၊ သကြားထုတ်လုပ်မှုသည် Gujarat ပြည်နယ်နှင့် Karnataka ပြည်နယ်တို့တွင်လည်း ကျဆင်းနိုင်ကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

ဧပြီလ ၃၀ ရက်နေ့အထိ သကြားထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း ၃၂.၀၃ ခန့်ရှိပြီး ပြီးခဲ့သည့်နှစ် အလားတူကာလတွင် သကြားထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း ၃၄.၃၂ ခန့် ရှိခဲ့ ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က စက်တင်ဘာလအထိ တစ်ရာသီလုံး သကြားထုတ်လုပ်နိုင်မှုမှာ တန်ချိန်သန်းပေါင်း ၃၅.၉၂ သန်းထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်သကြားထွက်ရှိမှုမှာ ပျမ်းမျှတန်ချိန်သန်းပေါင်း ၃၂.၇၃ တန်ခန့်သာရှိမည်ဖြစ်ကြောင်း လည်းဖော်ပြထားပါသည်။

Source: Sugar production declines 9 % in 2022-23 season due to low recovery, Business Standard News, May 10, 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)