India (Delhi)

အိန္ဒိယနှင့် အီဂျစ်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့အစည်းအများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အတည်ပြုချက်ရရှိ

Last Updated:

အိန္ဒိယနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(Competition Commission of India - CCI)နှင့် အီဂျစ်နိုင်ငံယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့( Egyptian Competition Authority - ECA) အကြား နားလည်မှုစာချွန်လွှာရေးထိုးရန် ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း၊ အဆိုပါနားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအဖွဲ့အစည်းများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ မူဝါဒများကို ပူးပေါင်းဆောင်ရွက်ရန်၊ သတင်းအချက်အလက်နှင့် လုပ်ထုံးလုပ်နည်းများမျှဝေရန်နှင့် စွမ်း‌ဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် ယှဉ်ပြိုင်မှုဥပဒေအားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတွေ့အကြုံများဖလှယ်နိုင်ရန်နှင့် ချိတ်ဆက်ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

Source : MoU signing between India, Egypt competition regulators gets nod, Business Standard, 17 May 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)