India (Delhi)

အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီစတင်မှု နောက်ကျသောကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို နှောင့်နှေးမှုဖြစ်နေ

Last Updated:

အိန္ဒိယနိုင်ငံတွင် မိုးဦးကာလမိုးရွာသွန်းမှုမှာ ပုံမှန်ထက်နည်းပါးသောကြောင့် ပြည်နယ်အားလုံးသည် စိုးရိမ်မှုများစတင်ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ရာတွင် အိန္ဒိယမိုးလေဝသဌာနက လာမည့်ရက်အနည်းငယ်အတွင်း မုတ်သုံရာသီမှာပုံမှန်ဖြစ်လာပြီး ဇူလိုင်လလယ်ခန့်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမှုလုံလုံလောက်လောက်ရှိလာမည်ဟု  မျှော်လင့်လျက်ရှိပါကြောင်းနှင့် Solvent Extractors Association (SEA) မှ ၎င်း၏အဖွဲ့ဝင်များသို့ အကြောင်းကြားသည့်စာတွင် မိုးဦးပိုင်းမိုးရွာသွန်းမှုနည်းပါးသောကြောင့် လက်ရှိမိုးသီးနှံစိုက်ပျိုးသည့်ရာသီချိန်၌ ဆီထွက်သီးနှံစိုက်ပျိုးမှုကို နှောင့်‌နှေးမှုများဖြစ်ပေါ်စေကြောင်းနှင့် ယင်းသည် သီးနှံထွက်ရှိမှုကို သက်ရောက်မှုရှိနိုင်သည်ဟု ဖော်ပြ ထားကြောင်း Business Standards သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်စိုက်ပျိုးရေးနှစ်တွင် ဆီထွက်သီးနှံဟက်တာပေါင်း ၀.၄၈ သန်း စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် ပြီးခဲ့သည့်အပတ်အထိ ဟက်တာပေါင်း ၀.၄၁ သန်းသာ စိုက်ပျိုးထားရှိသေးကြောင်း၊ Kerela ပြည်နယ်တွင် မုတ်သုံရာသီစတင်မှုမှာ တစ်ပတ်ခန့်နောက်ကျခဲ့သကဲ့သို့ အခြားသောပြည်နယ်အများစုတွင်လည်း  မုတ်သုံရာသီစတင်မှုနောက်ကျခဲ့ခြင်းကြောင့် သီးနှံစိုက်ပျိုးမှုများနှောင့်နှေးခဲ့သည်ဟု SEA ဥက္ကဋ္ဌဖြစ်သူ Ajay Jhunjhunwala က ပြောကြားထားကြောင်း သိရှိရ ပါသည်။

Source : Business -Standard news, slow progress of monsoon causing delay in sowing of oilseeds - SEA, June 22, 2023.

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: India (Delhi)