Japan

ဂျပန်နိုင်ငံ၌ ကမ္ဘာ့ပထမဆုံး 3-D Holograms ထည့်သွင်းထားသည့် ငွေစက္ကူအသစ်များကို ရိုက်နှိပ်ထုတ်ဝေသွားမည်

Last Updated:

ဂျပန်နိုင်ငံ၌ ၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ ၂၀၀၄ ခုနှစ်မှစ၍ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ငွေစက္ကူအသစ်ထပ်မံထုတ်ဝေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ယန်း ၁၀,၀၀၀ တန်ငွေစက္ကူတွင် ဂျပန်နိုင်ငံ၏ဓနရှင်စနစ်(Capitalism)ကို ဦးဆောင်ခဲ့သည့် Eiichi Shibusawa ၏ရုပ်ပုံကိုလည်းကောင်း၊ ယန်း ,၀၀၀ တန်ငွေစက္ကူတွင် အမျိုးသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ဦးဆောင်ခဲ့သည့် Umeko Tsuda ၏ရုပ်ပုံကိုလည်းကောင်း၊ ယန်း ,၀၀၀ တန်ငွေစက္ကူတွင် မေးခိုင်ရောဂါကိုကုစားနိုင်ရေး serum therapy ကိုတီထွင်ခဲ့သည့် အဏုဇီဝပညာရှင် Shibasaburo Kitasato ၏ရုပ်ပုံကိုလည်းကောင်း ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါယန်း ၁၀,၀၀၀ တန်၊ ,၀၀၀ တန်နှင့် ,၀၀၀ တန်ငွေစက္ကူများ၏ နောက်ကျောဖက်မျက်နှာတွင် တိုကျိုဘူတာ၊ wisteria ပန်းနှင့် ဂျပန်ရိုးရာ ukiyo-e artist ဖြစ်သူ Katsushika Hokusai မှ ဖန်တီးထားသည့် ဖူဂျီတောင်တို့၏ဓာတ်ပုံများကို ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်မှ ထုတ်ဝေမည့် အဆိုပါငွေစက္ကူများကို လက်ရှိတွင် ဂျပန်အမျိုးသားပုံနှိပ်ထုတ်ဝေရေးဌာနမှ ရိုက်နှိပ်လျက်ရှိကြောင်းနှင့် ငွေစက္ကူအရေအတွက်စုစုပေါင်း .၀၃ ဘီလီယံ ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ငွေစက္ကူအတုပြုလုပ်ခြင်းကို ကာကွယ်နိုင်ရေးအတွက် နှစ် ၂၀ ပြည့်တိုင်း ငွေစက္ကူ ဒီဇိုင်းအသစ်များကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ယခုအသစ်ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများအား အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် 3-D Holograms စတစ်ကာများလည်း ထည့်သွင်းသွားမည်ဖြစ်ကာ ကမ္ဘာ့ပထမဆုံး 3-D Holograms ထည့်သွင်းထားသည့် ငွေစက္ကူဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Japan Times (24-6-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan