India (Delhi)

၂၀၂၇ ခုနှစ်တွင် ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးစီမံကိန်း ၆၇ ခု ပြီးစီးမည်ဟု ကျောက်မီးသွေးဝန်ကြီးဌာနပြောကြား

Last Updated:

ကျောက်မီးသွေးထွက်ရှိရာဒေသမှ ပေးပို့ရမည့်ဒေသသို့ သယ်ယူပို့ဆောင်ရေး(First-mile connectivity - FMC)စီမံကိန်း ၆၇ ခုသည် 2027 ခုနှစ်အတိုင်မီ ပြီးမြောက်မည်ဟု ပြီးခဲ့သည့်သောကြာနေ့က တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း Business Times သတင်းစာက ဖော်ပြထားပါသည်။

ကျောက်မီးသွေးကုမ္ပဏီများ၏ FMC စီမံကိန်းများ၏ဖြစ်ပေါ်တိုးတက်မှုကိုသိရှိနိုင်ရေးအတွက် စိစစ်သုံးသပ်ရေးအစည်းအဝေးကို ဒုတိယအမြဲတမ်းအတွင်းဝန် (Additional Secretary) အဆင့်ရှိ M Nagaraju က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်လျှင် ကျောက်မီးသွေး တန်ချိန် သန်းပေါင်း ၈၈၅ သန်းထုတ်လုပ်နိုင်မည့်  Coal India က ဆောင်ရွက်နေသော စီမံကိန်း ၅၉ ခု၊ SCCL ကုမ္ပဏီက ဆောင်ရွက်နေသော စီမံကိန်း ၅ ခုနှင့် NLCIL က ဆောင်ရွက်နေသော စီမံကိန်း ၃ ခု၊ စုစုပေါင်း FMC စီမံကိန်း ၆၇ ခုကို ဆွေးနွေးခဲ့ကြပြီး အဆိုပါစီမံကိန်းများသည် ၂၀၂၇ ခုနှစ်မတိုင်မီ ပြီးစီးမည်ဟု ထုတ်ပြန်ကြေညာချက်အရ သိရှိရပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ထိရောက်မှုရှိသော ကျောက်မီးသွေးထုတ်လုပ်မှုများဖြစ်စေရန်အတွက် အစိုးရက ကျောက်မီးသွင်းထုတ်လုပ်ရာနေရာဒေသများတွင် ရထားလမ်းချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရေးနှင့် ကျောက်မီးသွေးတွင်းများအနီးရှိ  ရထားသံလမ်းဆွယ်များမှတစ်ဆင့် ဆောင်ရွက်မည့် FMC စီမံကိန်းများအပါအဝင် အမျိုးသားကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးအစီအစဉ်တစ်ရပ်ကို ရေးဆွဲလျက်ရှိပါကြောင်း၊ ၂၀၂၅ ဘဏ္ဍာရေးနှစ်မတိုင်မီ ကျောက်မီသွေးတန်ချိန်ပေါင်း ၁.၃၁ ဘီလီယံထုတ်လုပ်နိုင်ရန်နှင့် ၂၀၃၀ ဘဏ္ဍာရေးနှစ်မတိုင်မီ ကျောက်မီးသွေးတန်ချိန် ၁.၅ ဘီလီယံထုတ်လုပ်နိုင်ရန် ကျောက်မီးသွေးဝန်ကြီးဌာနက ရည်မှန်းထားပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိစေရန် အရေးကြီးသဖြင့် ငွေကုန်ကျမှုသက်သာပြီး မြန်ဆန်စွာပို့ဆောင်နိုင်မည့် ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်မှာ အရေးကြီးကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

Source:  67 first mile connectivity projects may complete by 2027: Coal Ministry, Business Standard News, 5-5-2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)