India (Delhi)

အိန္ဒိယနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံပြည့်မီရေးရည်မှန်းချက်အတွက် ကမ္ဘာ့ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

Last Updated:

၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်ပမဏ ၁၂ ရာခိုင်နှုန်းတိုးမြှင့်တင်ပို့နိုင်ရေးရည်မှန်းချက်ပြည့်မီရန် အိန္ဒိယအနေဖြင့် ကမ္ဘာ့ကုန်စည်ပြပွဲများဖြစ်သည့် Canton Fair ၊ Messe Frankfurt နှင့် Gulfood တို့တွင် အစားအစာ၊ အထည် အလိပ်၊ မော်တော်ယာဉ်အစိတ်အပိုင်းများအပါအဝင် အလားအလာရှိသည့်ကုန်ပစ္စည်းများပါဝင်ပြသနိုင်ရေးဆောင်ရွက်သွားရန် တနင်္လာနေ့ကပြုလုပ်ခဲ့သည့် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးနှင့် ကုန်သည်လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဓိကအဖွဲ့အစည်းတစ်ခုဖြစ်သည့် Invest India ကလည်း အိန္ဒိယနိုင်ငံ၏ကုန်သွယ်ရေးမဟာဗျူဟာကို ရေးဆွဲလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာအစီအစဉ်အောက်တွင် အလား အလာရှိသောနိုင်ငံ ၃၀၊ အလားအလာရှိသောကဏ္ဍ ၃၀ ခုအပေါ်တွင် ထူးချွန်သည့်ကုမ္ပဏီ ၁၀၀ ခုကိုရွေးချယ်ထားပါကြောင်း၊ ထို့အပြင် ၂၀၃၀ ခုနှစ်မတိုင်မီ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁ ထရီလီယံရရှိအောင် ဆောင်ရွက်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်းလည်း ဖော်ပြထားပါသည်။

ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးက ကမ္ဘာ့ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရန်အတွက် တောင်ကိုရီးယား၊ ဘရာဇီးလ်၊ ဂျာမဏီ၊ ကနေဒါနှင့်အမေရိကန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ရွေးချယ်ထားပါကြောင်းနှင့် ပြည်တွင်းကုန်စည်ပြပွဲများပိုမိုပြုလုပ်ရန်နှင့် ပြည်ပကုမ္ပဏီများပါဝင်ပြသနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရန် အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားထားကြောင်းလည်း သိရှိရပါသည်။ ယခုကဲ့သို့ပို့ကုန်မြှင့်တင်ရေး တွန်းအားပေးဆောင်ရွက်လာခြင်းသည် ပြည်ပပို့ကုန်တင်ပို့မှုကျဆင်းမှုများကြောင့်ဖြစ်ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

Source: Global trade fairs on cards; sectoral targets for $1 trillion exports by ’30, The Economic Times, 4 July 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)