Singapore

စင်ကာပူနိုင်ငံ၊ ဒီဂျစ်တယ်အပြည့်အဝဘဏ်များ (Digital Full Banks) နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မေးမြန်းချက်အပေါ် ဖြေကြားချက်

Last Updated:

ဒီဂျစ်တယ်အပြည့်အဝဘဏ်များ(Digital Full Banks - DFB) အတွက် လက်လီအပ်နှံငွေများ (Retail Deposit)အပေါ် ပြန်လည်ပြင်ဆင်ထားသည့် စည်းမျဉ်းကန့်သတ်ချက်၊ ထိုသို့စည်းမျဉ်းစည်းကမ်းတိုးမြှင့်မှုအရ ဒီဂျစ်တယ်ဘဏ်များ၏ လုပ်ရပ်အမှားကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်တွင် ပြည်သူများ၏ အပ်နှံငွေများကို ကာကွယ်နိုင်ရန်အတွက် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည့် ကာကွယ်မှုနည်းလမ်းများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ Mr Lawrence Wong, Deputy Prime Minister and Minister for Finance, and Chairman of MAS က စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် ဒီဂျစ်တယ်အပြည့်အဝဘဏ်များဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၎င်းတို့၏စီးပွားရေးစံပုံစံနှင့် စွန့်စားမှုစီမံခန့်ခွဲခြင်းစွမ်းရည်များကို တိုးတက်အောင်တည်ဆောက်ရန် လိုအပ်ကြောင်း၊ DFB များသည် မိခင်ဘဏ်မပါဘဲ အသစ်တည်ထောင်သည့် လုပ်ငန်းများဖြစ်ပြီး ဘဏ်လုပ်ငန်းတွင် ‌မှတ်တမ်းလည်းမရှိကြောင်း၊ DFB နှစ်ခုဖြစ်သည့် GXS ဘဏ်နှင့် MariBank တို့မှာ ၎င်းတို့လုပ်ငန်းစတင်သည့်အချိန်တွင် ဘဏ်တွင် အပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာသန်း ၅၀ ကို ကနဦးစုစုပေါင်းအပ်ငွေအဖြစ်ထားရှိရကြောင်း၊ DFB အနေဖြင့် ၎င်းတို့၏စွန့်စားမှုစီမံခန့်ခွဲခြင်းစွမ်းရည်များတည်ဆောက်ရာတွင် တိုးတက်မှုများရှိလာရာ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် စုစုပေါင်းထားရှိရမည့် အပ်ငွေပမာဏကို တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားသောစည်းမျဉ်းစည်းကမ်းများဖြင့် ဘဏ်တစ်ခုချင်းစီအပေါ် ကြီးကြပ်သည်ဖြစ်ရာ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် DFB တစ်ခုချင်းအတွက် သီးခြားထားရှိရမည့် စုစုပေါင်းအပ်ငွေပမာဏကို ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း ဖြေကြားခဲ့ပါသည်။

သတ်မှတ်ထားသည့် စုစုပေါင်းအပ်ငွေပမာဏအပြင် DFB အနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီ၏ သတ်မှတ်ထားသည့် အပ်ငွေပမာဏဖြစ်သည့် စင်ကာပူဒေါ်လာ ၇၅၀၀၀ သတ်မှတ်ထားမှုကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ အဆိုပါပမာဏမှာ DFB က အဖွဲ့ဝင်ဖြစ်သည့် အာမခံအစီအစဉ်အရ အပ်ငွေကန့်သတ်ချက်ဖြစ်ကြောင်း၊ DFB ၏လုပ်ငန်းဆောင်ရွက်သည့် ကနဦးအစနှစ်များတွင် တစ်ဦးတည်းကုန်သွယ်မှုလုပ်ငန်းများ မပြုလုပ်ရခြင်းစသည့် အခြားသောကန့်သတ်ချက်များလည်းရှိကြောင်း၊ ထို့ကြောင့် DFB တစ်ခုသည် အခြားသောဘဏ်များကဲ့သို့ပင် ဘဏ်ဆိုင်ရာလိုက်နာရမည့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရကြောင်း ဖြေကြားခဲ့ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့

Category: Singapore