India (Delhi)

အိန္ဒိယ-ဆော်ဒီနှစ်နိုင်ငံအကြား ကဏ္ဍအလိုက် နားလည်မှုစာချွန်လွှာ နှစ်ဒါဇင်ကျော်လက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနှင့်ဆော်ဒီအာရေဗျကုမ္ပဏီများအကြား သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ ရေနံဓာတုဗေဒနှင့် လူ့စွမ်းအားအရင်းအမြစ်စသည့်ကဏ္ဍများအပါအဝင် နားလည်မှုစာချွန်လွှာ နှစ်ဒါဇင်ကျော်လက်မှတ်ရေးထိုးခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

နားလည်မှုစာချွန်လွှာများကို Serum Institute of India၊ HP၊ VFS Global နှင့် ICICI Bank တို့အပါအဝင် နှစ်နိုင်ငံပုဂ္ဂလိကကုမ္ပဏီများအကြား လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း၊ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို Invest India နှင့် ဆော်ဒီအာရေးဗီးယားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့က ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေးဗီးယားဝန်ကြီးချုပ်နှင့် အိမ်ရှေ့မင်းသား Mohammed bin Salman Al Saud သည် နယူးဒေလီတွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးတွင်ပါဝင်ပြီးနောက် ၎င်း၏နိုင်ငံတော်အကြီးအကဲခရီးစဉ်စတင်ချိန်တွင် သဘောတူညီချက်များလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ဆော်ဒီအိမ်ရှေ့မင်းသားသည် စနေနေ့က သုံးရက်ကြာအလည်အပတ်ခရီးစဉ်အဖြစ် ဒေလီမြို့သို့ ရောက်ရှိခဲ့ကြောင်း နှင့် G20ထိပ်သီးအစည်းအဝေးအပြီးတွင် ၎င်း၏နိုင်ငံတော်အကြီးအကဲခရီးစဉ်အတွက် ဆက်လက်ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

VFS Global ၏ South Asia ဌာန အရာရှိချုပ်ဖြစ်သူ Prabuddh Sen က ဝန်ကြီးချုပ်မိုဒီ၏ ပြည်သူအချင်းအချင်းဆက်သွယ်ချဉ်းကပ်မှုမျှော်မှန်းချက်နှင့်အညီ VFS Global သည် ဆော်ဒီအာရေဗျရှိ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော India ဗီဇာစင်တာများ၊ အလားတူ အိန္ဒိယတွင် လုပ်ငန်းဆောင်ရွက်နေသော ဆော်ဒီဗီဇာစင်တာများနှင့်ချိတ်ဆက်၍လက်တွဲဆောင်ရွက်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။

VFS Global သည် ဆော်ဒီအာရေဗျနိုင်ငံ(Riyadh)တွင် ခရီးသွားဝန်ဆောင်မှုသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် ဆော်ဒီအာရေးဗီးယားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန(MISA)နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ခရီးသွားလာမှုဆိုင်ရာဝန်ဆောင်မှုကဏ္ဍများတွင် ကျွမ်းကျင်မှုများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

VFS Global သည် ပြည်သူအချင်းချင်းချိတ်ဆက်မှုဖြင့် လိုက်လျောညီထွေရှိပြီး အချုပ်အခြာအာဏာပိုင်အစိုးရများ၏ အကျိုးစီးပွားအတွက် နိုင်ငံပေါင်း ၁၄၅ နိုင်ငံတွင် ဗီဇာလျှောက်လွှာစင်တာပေါင်း ၃၅၀၀ ကိုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ဟု Sen က ထပ်လောင်းပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားသည်။

Source: Over two dozen MoUs signed between India-Saudi industries in Delhi, The Economic Times, September 11, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)