လွန်ခဲ့သောနှစ်၏ စိန်ခေါ်မှုများကြားကပင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် အားကောင်းစွာတည်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် GDP တိုးတက်မှု ၅ ရာခိုင်နှုန်းဖြင့်တည်ငြိမ်လျက်ရှိသည်။ လူမှုစီးပွားကဏ္ဍများတွင်လည်း အရည် အသွေးမြင့်တိုးတက်မှုအသစ်များပြုလုပ်နိုင်ခဲ့သည်။ ယင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အဓိကပံ့ပိုးကူညီသူနှင့် တည်ငြိမ်အောင်ထိန်းသိမ်းပေးသူအဖြစ် ၎င်း၏အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့သည်။
နိုင်ငံတော်စာရင်းအင်းဗျူရို(National Bureau of Statistics - NBS)မှထုတ်ပြန်သည့်အချက်အလက်အသစ်များ သည် လွန်ခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးခြားသော လမ်းကြောင်းကို ဖော်ဆောင်နိုင်ခဲ့ကြောင်း NBS ဒုတိယအကြီးအကဲ Sheng Laiyun က ပြောကြားခဲ့ပြီး အဆိုပါအချက်အလက်များသည် တည်ငြိမ်သောစွမ်းဆောင်ရည်(stable performance)၊ တိုးတက်မှုအရှိန်အဟုန်(progressive momentum)နှင့် ခိုင်မာသော ပြန်လည်ထူထောင်နိုင်မှု(strong resilience)တို့ဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြထားကြောင်း မှတ်ချက်ပြုခဲ့သည်။
ကိန်းဂဏန်းအချက်အလက်များသည် တရုတ်နိုင်ငံ၏ ကြီးထွားလာသော အမျိုးသားအင်အား(national strength) နှင့်မြင့်တက်လာသော ကမ္ဘာ့လုံးဆိုင်ရာ လွှမ်းမိုးမှု(global influence)ကို ဖော်ပြနေသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးဝေစု(economic aggregate)သည် ဆက်လက်၍မြင့်မားသော အဆင့်သစ်သို့ ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ယွမ် ၁၄၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀.၂၂ ထရီလီယံခန့်)ကျော်လွန်ခဲ့သဖြင့် ၁၄ ကြိမ်မြောက်ငါးနှစ်စီမံကိန်း(၂၀၂၁-၂၀၂၅)အတွက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို အောင်မြင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တစ်ဦးချင်း GDP သည် ယွမ် ၉၉,၆၆၅ သို့မဟုတ် ပျမ်းမျှနှစ်စဉ်ငွေလဲနှုန်း (average annual exchange rate)အရ အမေရိကန်ဒေါ်လာ ၁၃,၉၅၃ သို့ရောက်ရှိခဲ့ပြီး သုံးနှစ်ဆက်တိုက် အမေရိကန်ဒေါ်လာ ၁၃,၀၀၀ အထက်တွင်ရှိခဲ့သည်။ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု(scientific and techno logical innovation)ကြောင့် ၂၀၂၅ ခုနှစ်တွင် လုပ်သားကုန်ထုတ်စွမ်းအား(labor productivity)သည် တစ်နှစ်ထက်တစ်နှစ် ၆.၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး GDP တိုးတက်မှုထက် ၁.၁ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့သည်။
GDP ၅ ရာခိုင်နှုန်းတိုးတက်မှုနှင့်ကမ္ဘာ့စီးပွားရေးတိုးချဲ့မှု၏ ၃၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးခြင်းဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ ထိပ်တန်းမောင်းနှင်အား(foremost driver)နှင့် တည်ငြိမ်အောင်ထိန်းသိမ်းပေးသူ(stabilizer) အဖြစ် ဆက်လက်တည်ရှိနေကြောင်း Sheng က မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး သွင်းကုန်ဈေးကွက်အဖြစ် ၁၇ နှစ်ဆက်တိုက်ရပ်တည်ခဲ့ပြီး တည်ငြိမ်သော ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအကျိုးအမြတ်များကို ကမ္ဘာ့အခြားနိုင်ငံများနှင့်မျှဝေခဲ့ပြီး ကမ္ဘာ့လုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု (global development)တွင် ၎င်း၏ တာဝန်ဝတ္တရားများကို ကျေပွန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုအသစ်ဆီသို့ အဆင့်မြှင့်တင်ခြင်း(upgrading)နှင့် အသွင်ကူးပြောင်းခြင်း(transforming)လုပ်ငန်းစဉ်အတွင်း မောင်းနှင်အားသစ်များ(new growth drivers)မွေးထုတ်ပေးပြီး အားသာချက်အသစ်များ(new advantages)ပုံဖော်နိုင်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး(research and development)အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်ထက်တစ်နှစ် ၈.၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး GDP အချိုးသည် ၂.၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(Organization for Economic Co-operation and Development - OECD)၊ အဖွဲ့ဝင်နိုင်ငံများ၏ ပျမ်းမျှအဆင့်ကို ပထမဆုံး အကြိမ်အဖြစ် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။
သတ်မှတ်အရွယ်အစားအထက်ရှိ အဆင့်မြင့်နည်းပညာကုန်ထုတ်လုပ်ငန်းလုပ်ငန်းများ(high-tech manufactur ing enterprises above the designated size)၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉.၄ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အဆင့်မြင့်နည်းပညာထုတ်ကုန်များ(high-tech products)၏ပို့ကုန်တန်ဖိုးသည် ၁၃.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ဝန်ဆောင်မှုစက်ရုပ်များ(service robots)၊ မမ်မိုရီချစ်ပ်များ (memory chips)နှင့် 3D ပုံနှိပ်စက်ကိရိယာများ(3D printing equipment)၏ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ဂဏန်းနှစ်လုံးတိုးတက်မှု(double-digit growth)ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှုတွင် အရှိန်အဟုန်အသစ်ကို ဖော်ဆောင်ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏ အစိမ်ရောင်းနှင့် ကာဗွန်နည်းသော အသွင်ကူးပြောင်းမှု(green and low-carbon transformation)၏ အရည်အသွေးနှင့် ထိရောက်မှုတို့တွင် ဆက်တိုက်တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။ စွမ်းအင်စနစ်အသစ်တည်ဆောက်မှု(construction of a new energy system)သည် အရှိန်မြှင့်လာလျက်ရှိပြီး စုစုပေါင်းစွမ်းအင်သုံးစွဲမှုတွင် သန့်ရှင်းသောစွမ်းအင်သုံးစွဲမှုအချိုးအစားသည် ၃၀.၄ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံတွင် စွမ်းအင်သစ်ယာဉ်များ(new energy vehicles)၊ အားသွင်းစက်များ(charging piles)နှင့် နေရောင်ခြည်စွမ်းအင်သုံးဆဲလ်များ(solar cells)ကဲ့သို့သော အစိမ်းရောင်ထုတ်ကုန်များ(green products)၏ ထုတ်လုပ်မှုသည်လည်း လျင်မြန်စွာကြီးထွားလာ လျက်ရှိသည်။
မတည်ငြိမ်သော ကမ္ဘာ့ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာလုပ်သားခွဲဝေမှု(inter-national division of labor)၌ ၎င်း၏ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းလာစေခဲ့ပြီး အဖွဲ့အစည်းဆိုင်ရာဖွင့်လှစ်မှု(institutional opening-up)ကို တည်ငြိမ်စွာ ချဲ့ထွင်နိုင်ခဲ့သဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးစီးဆင်းမှုများအကြား အရည်အသွေးမြင့်အပြန်အလှန်ဆက်သွယ်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုတန်ဖိုးသည် ပထမဆုံးအကြိမ်အဖြစ် ယွမ် ၄၅ ထရီလီယံကျော်လွန်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ယင်းသည် ကိုးနှစ်ဆက်တိုက် ကမ္ဘာ့အကြီးဆုံးကုန်စည်ကုန်သွယ်သူ(world's largest goods trader)အဖြစ် အဆင့်သတ်မှတ်ခံရရန်မျှော်လင့်ရပြီး ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ(global industrial and supply chains)ကို တည်ငြိမ်အောင်ထိန်းသိမ်းရာတွင် အဓိကချိတ်ဆက်မှုတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း Sheng က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ Belt and Road လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုသည် နိုင်င်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၅၁.၉ ရာခိုင်နှုန်းရှိခဲ့သည်။ တစ်ချိန်တည်းတွင် ယင်းသည် နိုင်ငံနှင့် ဒေသပေါင်း ၃၁ ခု နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် ၂၄ ခု ကို လက်မှတ်ရေးထိုးထားနိုင်ခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း(Hainan Free Trade Port)သည် ၂၀၂၅ ခုနှစ်တွင် ကျွန်းတစ်ခုလုံး၌ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို စတင်ခဲ့ပြီး အဆင့်မြင့်အဖွဲ့အစည်းဆိုင်ရာ ဖွင့်လှစ်မှုပလက်ဖောင်းတစ်ခု(a high-level institutional opening-up platform)အဖြစ် ၎င်း၏အခန်းကဏ္ဍကို ပိုမိုအားကောင်းစေနိုင်ခဲ့သည်။
အမျိုးသားစာရင်းအင်ဗျူရို(NBS)၏အချက်အလက်များအရ တရုတ်နိုင်ငံတစ်ဝှမ်းရှိ ပြုပြင်ပြောင်းလဲမှုသည် တဖြည်းဖြည်းနက်ရှိုင်းလာခဲ့ပြီး ဘဏ္ဍာရေး(fiscal)နှင့် အခွန်ကောက်ခံမှု(taxation) ပြုပြင်ပြောင်းလဲရေးကဲ့သို့သော အဓိကနယ်ပယ်များတွင် တိုးတက်မှုများရရှိခဲ့သည်။ တရုတ်နိုင်ငံ၏စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်တိုးတက် ကောင်းမွန်လာစေရန်နှင့် အတွင်းကျကျယှဉ်ပြိုင်မှုပုံစံများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများလည်း အားကောင်းလာခဲ့သည်။
၂၀၂၅ ခုနှစ်၏အဓိကရလဒ်များတွင် တစ်ရက်လျှင် ပျမ်းမျှလုပ်ငန်းအသစ် ၂၆,၀၀၀ တည်ထောင်ခြင်းပါဝင်သည်။ အချက်အလက်များအရ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှု(technological innovation)နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ(manufacturing sectors)ကိုပံ့ပိုးပေးသည့် အခွန်နှင့် အခမူဝါဒများ(tax and fee policies)သည် လုပ်ငန်းများ၏ ဝန်ထုပ်ဝန်ပိုး(corporate burdens)ကို ယွမ် ၂.၉ ထရီလီယံလျှော့ချပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အလုပ်အကိုင်အခွင့်လမ်းအပါအဝင် အဓိကအသက်မွေးဝမ်းကျောင်းဆိုင်ရာ ကဏ္ဍများကို ပံ့ပိုးပေးသည့် မူဝါဒများစွာဖြင့် တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း မြို့ပြအလုပ်အကိုင်အသစ် ၁၂.၆၇ သန်းဖန်တီးပေးနိုင်ခဲ့သည်။ စီးပွားရေးတိုးတက်မှုနှင့်အညီ နေထိုင်သူများ၏ တစ်ဦးချင်းသုံးစွဲနိုင်သော၀င်ငွေ(Residents' per capita disposable income)သည် လွန်ခဲ့သောနှစ်က ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အဟောင်းအသစ်လဲလှယ်ခြင်း အစီ အစဉ်များ(trade-in programs)ကဲ့သို့သော စားသုံးမှုမြှင့်တင်ရေး မူဝါဒများကြောင့် ၂၀၂၅ ခုနှစ်တွင် ဝန်ဆောင်မှုစားသုံးမှုသည် နေထိုင်သူများ၏ တစ်ဦးချင်းပျမ်းမျှသုံးစွဲမှုအသုံးစရိတ်(residents' total per capita consumpt ion expenditure)၏ ၄၆.၁ ရာခိုင်နှုန်းရှိခဲ့သည်။
တရုတ်နိုင်ငံ၏ လူမှုဖူလုံရေးစနစ်သည် ပြီးခဲ့သည့်နှစ်က ပိုမိုတိုးချဲ့ခဲ့သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် လူဦးရေ သန်း ၁,၀၈၀ သည် အခြေခံပင်စင်အာမခံဖြင့်လည်းကောင်း၊ လူဦးရေသန်း ၁,၃၃၀ သည် အခြေခံဆေးဘက်ဆိုင်ရာအာမခံဖြင့်လည်းကောင်း အကျုံးဝင်ခံစားခဲ့ရသည်။ လူမှုဝန်ဆောင်မှုများမြှင့်တင်ရန် ကျယ်ပြန့်သောကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြီးခဲ့သည့်နှစ်က အစိုးရထောက်ပံ့ငွေဖြင့် အိမ်ရာယူနစ် စုစုပေါင်း ၁.၂၁ သန်းကို စတင်ခြင်း သို့မဟုတ် အာမခံချက်ရယူခြင်းများပြုလုပ်ခဲ့ကြောင်း NBS က မှတ်ချက်ပြုခဲ့သည်။
အရင်းမြစ်။ https://en.people.cn/n3/2026/0303/c90000-20430455.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)