Singapore

ပေါ်ထွန်းစနှင့်ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ဒီဂျစ်တယ်စနစ်ပါဝင်မှုတိုးတက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(International Finance Corporation – IFC)၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ World Economic Forum တို့ပူးပေါင်းဆောင်ရွက်

Last Updated:

အပြည်ပြည်ဆိုင်ရာ ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(International Finance Corporation – IFC)၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ World Economic Forum တို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အသေးစားလုပ်ငန်းများနှင့် ပြည်သူများအတွက် မညီမျှမှုကိုလျှော့ချရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှတစ်ဆင့် ဒီဂျစ်တယ်စနစ်ပါဝင်မှုကိုမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။

တစ်ဦးတစ်ယောက်ချင်းစီနှင့် အသင်းအဖွဲ့များ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တတ်နိုင်ပြီး လက်လှမ်းမီနိုင်သည့် ဒီဂျစ်တယ်ဝန်ဆောင်မှုများရရှိရန်အတွက် နည်းလမ်းများရှာဖွေရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဒီဂျစ်တယ်ဘဏ္ဍာရေးအတွက် လမ်းညွှန်ချက်များ(Guidelines)ရေးဆွဲခြင်း၊ အာဆီယံဈေးကွက်တွင် ၎င်းလမ်းညွှန်ချက်များကို မြှင့်တင်ပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

IFC အနေဖြင့် ဒီဂျစ်တယ်ငွေကြေးပါဝင်သည့် ထုတ်ကုန်များ၊ အကျုံးဝင်သည့် ပိုင်ဆိုင်မှုများ၊ တိုင်းတာမှုများ၊ အစီရင်ခံသည့် လုပ်ငန်းစဉ်များပါဝင်သည့် လမ်းညွှန်ချက်များရေးဆွဲခြင်း၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ငွေကြေးရရှိနိုင်မှုတိုးတက်စေရေးအတွက် SME Financial Empowerment and Financial Transparency Corridor Programmes မှ အကျိုးရလဒ်များကို ရှာဖွေခြင်း၊ World Economic Forum အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ရှိ မိတ်ဖက်အဖွဲ့အစည်းများတွင် လေ့လာတွေ့ရှိမှုများကို ဝေမျှခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore