India (Delhi)

အိန္ဒိယနိုင်ငံ၏ ဝန်ဆောင်မှုများတင်ပို့မှုမှာ အောက်တိုဘာလတွင် ၁၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၈.၀၃ ဘီလီယံ ရရှိ

Last Updated:

အိန္ဒိယ၏ဝန်ဆောင်မှုကဏ္ဍသည် အောက်တိုဘာလတွင် ပို့ကုန်တွင် ၁၀.၈ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ဒေါ်လာ၂၈.၀၃ ဘီလီယံအထိတိုးတက်လာခဲ့ကြောင်း အိန္ဒိယ Reserve Bank of India (RBI) မှ ထုတ်ဖော်ပြသခဲ့သည့် လတ်တလောယာယီအချက်အလက်များအရ သိရသည်။

အခြားတစ်ဘက်တွင် ဝန်ဆောင်မှုလုပ်ငန်းမှ သွင်းကုန်များသည် အလားတူကာလတွင် ၀.၄ ရာခိုင်နှုန်းကျဆင်းသွားပြီး ဒေါလာ ၁၃.၄၆ ဘီလီယံသာရှိခဲ့ကြောင်းနှင့် ယင်းအချက်အလက်သည် ပြီးခဲ့သည့်လက အစိုးရထုတ်ပြန်ခဲ့သော အောက်တိုဘာလအတွက် ဝန်ဆောင်မှုများတင်ပို့မှုမှ ဒေါ်လာ ၂၈.၇၀ ဘီလီယံနှင့် သွင်းကုန်ဒေါ်လာ ၁၄. ၃၂ ဘီလီယံအချက်အလက်များနှင့် အနည်းငယ်ကွဲလွဲနေကြောင်း သိရသည်။

RBI ၏ယာယီစာရင်းအင်းများသည် ပုံမှန်အားဖြင့် နိုင်ငံ၏ပြည့်စုံသောငွေပေးချေမှုအချက်အလက်များကို ထုတ်ပြန်ပေးခြင်းဖြစ်ပြီး သုံးလတစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိပါသည်။ ထို့အပြင် မကြာသေးမီက RBI အပတ်စဉ်စာရင်းအင်းဖြည့်စွက်ချက်တွင် နိုင်ငံခြားအရန်ငွေများမြင့်တက်လာမှုကို အသေးစိတ်ဖော်ပြထားပြီး နိုဝင်ဘာလ ၁၇ ရက်ကုန်ဆုံးသည့်အပတ်တွင် ဒေါ်လာ ၅.၀၈ ဘီလီယံတိုးတက်ခဲ့ပြီး စုစုပေါင်းဒေါ်လာ ၅၉၅.၃၉၇ ဘီလီယံထိမြင့်တက်လာခဲ့ကြောင်းနှင့် နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှု(FCAs)သည် အမေရိကန်ဒေါ်လာမဟုတ်သော ငွေကြေးများဖြစ်သည့် ယူရို၊ ပေါင်နှင့် ယန်းများအပါဝင် ဒေါ်လာ ၅၂၈.၅၃ ဘီလီယံထိ မြင့်တက်ခဲ့ကြောင်းသိရှိရသည်။

Source: India services exports rise 10.8% to $28.03 bln in October, The Economic Times, December 1, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)