Japan

ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံအား နိုင်ငံတကာဘဏ္ဍာရေးစင်တာအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် အထူးဇုန်များတည်ထောင်ခဲ့

Last Updated:

ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများအတွက် အထူးဇုန်များအဖြစ် ဂျပန်နိုင်ငံရှိ တိုကျိုခရိုင်နှင့်တိုကျိုမြို့၊ အိုဆာကာခရိုင်နှင့် အိုဆာကာမြို့၊ ဖူကူအိုကာခရိုင်နှင့် ဖူကူအိုကာမြို့နှင့် ဟော့ကိုင်းဒိုးခရိုင်နှင့် ဆာပိုရိုမြို့တို့ကို သတ်မှတ်ခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံအား ပိုင်ဆိုင်မှုစီမံခန့်ခွဲ့မှုဆိုင်ရာ ဗဟိုဌာနဖြစ်စေရေးအတွက် အထူးဇုန်များကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ စီးပွားရေးဝန်းကျင်အခြေအနေတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပနိုင်ငံများမှ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ဂျပန်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုမ္ပဏီတည်ထောင်ရာတွင် လုပ်ငန်းစဉ်အားလုံးကို အင်္ဂလိပ်ဘာဘာဖြင့် အလွယ်တကူတည်ထောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်အသစ်များထုတ်ပြန်ပေးခြင်းအပါအဝင် စည်းမျဉ်းများဖြေလျှော့ပေးခြင်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပေါ်ထွန်းစလုပ်ငန်းများကို ပံ့ပိုးပေးနိုင်မည့်သူများအတွက်လည်း ဗီဇာစည်းမျဉ်းအသစ်များထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အထူးဇုန်များအဖြစ် သတ်မှတ်ထားသည့်ဒေသများအနေဖြင့် ဒေသအလိုက်စီမံကိန်းများကို ပြန်လည်ပြင်ဆင်ခြင်း၊ စည်းမျဉ်းမူဘောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်းနှင့် ဒေသအလိုက်အားသာချက်များကို အကျိုးရှိစွာအသုံးချနိုင်မည့်စနစ်များကို ကျင့်သုံးဆောင်ရွက်စေလိုကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားကြောင်း ဖော်ပြထားပါ သည်။

ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံအား နိုင်ငံတကာဘဏ္ဍာရေးစင်တာအဖြစ် ဖော်ဆောင်နိုင်ခြင်းဖြင့် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရေး မျှော်လင့်လျက်ရှိ ကြောင်း ဖော်ပြထားပါသည်။

Source: NHK World Japan (၅-၆-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan