China(Beijing)

တရုတ်နိုင်ငံက ပြည်ပရင်းနှီးမြှုပ်နှံသူများကို အစိုးရငွေတိုက်စာချုပ်အနာဂတ်ကာလအရောင်းအဝယ်(Treasury Bond Futures)များတွင် ပါဝင်ခွင့်ပြုခဲ့

Last Updated:

တရုတ်နိုင်ငံ အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင်က အရည်အချင်းပြည့်မီသော ပြည်ပရင်းနှီးမြှုပ်နှံသူများကို အစိုးရငွေတိုက်စာချုပ်အနာဂတ်ကာလအရောင်းအဝယ်(Treasury Bond Futures)များတွင် ယနေ့မှစတင်၍ ပါဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။ သို့သော် အဆိုပါအရောင်းအဝယ်များကို စျေးနှုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်ခြေကို ကာကွယ်ရန်(Hedging)ရည်ရွယ်ချက်အတွက်သာ ကန့်သတ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဆောင်ရွက်ချက်သည် အရည်အချင်းပြည့်မီသော ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်ကိုကျယ်ပြန့်စေရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် အတိုးနှုန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကိရိယာများကို ပိုမိုစုံလင်စေရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိပါသည်။

ယခုမူဝါဒသည် ယွမ်ငွေဖြင့် သတ်မှတ်ထားသော ငွေတိုက်စာချုပ်ပိုင်ဆိုင်မှုများအပေါ် ဆွဲဆောင်မှုကို မြှင့်တင်ပေးရန်၊ ပြည်ပအဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုအပြုအမူများကို ပိုမိုတည်ငြိမ်စေရန်နှင့် ငွေတိုက်စာချုပ်များ၏ လက်ငင်းစျေးကွက်(Spot Market)နှင့် အနာဂတ်ကာလစျေးကွက်(Futures Market)နှစ်ခုလုံး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ရန်မျှော်လင့်ထားကြောင်း ကြီးကြပ်ရေးအဖွဲ့ကပြောကြားခဲ့ပါသည်။

ထို့အပြင် အနာဂတ်ကာလစျေးကွက်၏ ပြုပြင်ပြောင်းလဲမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် နောက်ထပ်အစီအမံများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ အရင်းအနှီးစျေးကွက်ကို အဆင့်မြင့်အဖွဲ့အစည်းဆိုင်ရာ လမ်းဖွင့်ပေးမှုများ(Institutional Opening-up)ဖြစ်လာစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ကြီးကြပ်ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

Source: https://english.www.gov.cn/news/202604/24/content_WS69eb7129c6d00ca5f9a0aa17.html

(ဒေါက်တာခင်စံသာဝင်း၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)