India (Delhi)

အိန္ဒိယအစိုးရသည် မိုးစပါးဝယ်ယူရေးစတင်ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ  တန်ချိန် ၁၂.၂၁ သိန်းဝယ်ယူထား

Last Updated:

အိန္ဒိယအစိုးရက မိုးစပါးများစတင်ဝယ်ယူနေပြီး စပါးတန်ချိန် ၁၂.၂၁ သိန်းခန့်ကို တောင်သူများထံမှ အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေး(MSP)ဖြင့် ဝယ်ယူထားပြီးဖြစ်ကြောင်းနှင့် တမီလ်နာဒူး၊ ပန်ဂျပ်နှင့် ဟာယာနာပြည်နယ်ရှိ တောင်သူ ၉၉,၆၇၅ ဦးထံမှ ရူပီး ၂,၆၈၉၇.၇ သန်းတန်ဖိုးရှိ စပါးကို ၀ယ်ယူခဲ့သည်ဟု  စားနပ်ရိက္ခာဝန်ကြီးဌာန ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း The Economic Times သတင်းစာတွင် တင်ပြထားပါသည်။

ယခုနှစ်တွင် ယခင်နှစ်ထက်အနည်းငယ်ပိုမိုပြီး စပါးစိုက်ဧကဟက်တာ 411.96 သိန်းစိုက်ပျိုးထားရှိပြီး မိုးစပါးရိတ်သိမ်းမှုကို ပြီးခဲ့သောသီတင်းပတ်တွင် စတင်ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI)နှင့် ပြည်နယ်အဖွဲ့အစည်းများသည် အရန်ရိက္ခာထားရှိနိုင်ရန်နှင့် လယ်သမားများ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် MSP နှုန်းသတ်မှတ်၍ ဝယ်ယူရေးဆောင်ရွက်ခဲ့ကြောင်းနှင့် ဝန်ကြီးဌာနသည် ယခင်နှစ်ရာသီက တန်ချိန် ၄၉၆ သိန်းသာဝယ်ယူသိုလှောင်ခဲ့ပြီး လက်ရှိရာသီတွင် တန်ချိန် ၅၂၁.၂၇ သိန်းဝယ်ယူရန် ရည်မှန်းထားကြောင်း သိရှိရသဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရေးအတွက် အရန်ရိက္ခာအဖြစ် ဆန်များဝယ်ယူစုဆောင်းနေမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source : Govt begins kharif paddy procurement: purchases 12.21 lakn tonne so far, The Economic Times, 5 October 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)