Russia

ရုရှားနိုင်ငံမှ ဂျုံ၊ မုယောနှင့် ပြောင်းတို့အပေါ် တင်ပို့ခွန်သည် မေ ၁၄ ရက်မှ ၁၉ရက်နေ့အထိ  သုညရှိနေမည်

Last Updated:

ဂျုံ၊ မုယောနှင့် ပြောင်းတို့အပေါ် ပို့ကုန်ခွန်မှာ မေလ ၁၄ ရက်မှစပြီး စတုတ္ထပတ်ဆက်တိုက် သုညသာရှိနေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ၎င်းတို့သည် မေလ ၁၉ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ် သည်။

ညွှန်ပြစျေးနှုန်းများအပေါ်အခြေခံ၍ နှုန်းထားများကိုတွက်ချက်ခဲ့သည်-ဂျုံတစ်တန်လျှင် ၂၃၀.၇ ဒေါ်လာ(ယခင် ၂၃၄.၆ ဒေါ်လာ)၊ မုယောတစ်တန်လျှင် ၂၂၁.၉ ဒေါ်လာ(ယခင် ၂၂၄.၁ ဒေါ်လာ)၊ ပြောင်းတစ်တန်လျှင် ၂၂၀ ဒေါ်လာ(ယခင် ၂၂၀.၃ဒေါ်လာ)။

ရုရှားဖက်ဒရေးရှင်းသည် ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စပါး Damper ယန္တရားအား မိတ်ဆက်ခဲ့သည်။ ၎င်းသည် ဂျုံ၊ ပြောင်းနှင့် မုယောစပါးတင်ပို့မှုတွင် မျောပါခွန်များကို ပံ့ပိုးပေးကာ စိုက်ပျိုးရေးထုတ်လုပ်သူများအတွက် ထောက်ပံ့ငွေများပြန်လည်ပေးချေပြီး ရရှိငွေများကိုထောက်ပံ့ပေးခဲ့သည်။ မော်စကိုအိတ်ချိန်းတွင် စာရင်းသွင်းထားသော ပို့ကုန်စာချုပ်စျေးနှုန်းများမှရရှိသည့် အညွှန်းကိန်းများကိုအသုံးပြု၍ အခွန်ပမာဏကို အပတ်စဉ်တွက်ချက်ပါသည်။ အခွန်သည် အခြေခံနှင့်ညွှန်ပြသော စျေးနှုန်းများကြား ကွာခြားချက်၏ ၇၀ ရာခိုင်နှုန်းဖြစ် သည်။         

Source: https://www.interfax.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia