Russia

ရုရှားမှ တရုတ်သို့ ငါးနှင့်ရေထွက်ကုန်များထောက်ပံ့မှုသည် အမြင့်ဆုံးသို့ ရောက်ရှိ

Last Updated:

၂၀၂၃ နှစ်ကုန်တွင် ရုရှားမှ တရုတ်နိုင်ငံသို့ ငါးနှင့် ရေထွက်ကုန်များထောက်ပံ့မှုသည် သမိုင်းဝင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး တန်ချိန် ၁.၂၉ သန်းရှိကြောင်း ရုရှားငါးလုပ်ငန်းဆိုင်ရာဖက်ဒရယ်အေဂျင်စီ(Russia’s Federal Agency for Fishery-Rosrybolovstvo)က ဖော်ပြခဲ့သည်။

ရုရှားမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ငါးအမျိုးအစားများမှာ pollock(စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်)၊ herring ၊ sardines ၊ fishmeal နှင့်ဂဏန်းများဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလအတွင်း ငါးထွက်ကုန်တန်ချိန် ၅၂၂,၆၄၀ ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် သာလွန်ခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောကြားခဲ့သည်။

အေဂျင်စီမှ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အရှေ့ဖျားကဏန်းတင်ပို့မှုပမာဏသည် တန်ချိန် ၁၂,၅၀၀ ကျော်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ပမာဏ ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။

Source :        https://tass.ru/ekonomika/21327953

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia