ပြည်တွင်းဝယ်လိုအားမြင့်တက်ခဲ့သော်လည်း သွင်းကုန်တင်သွင်းမှုပိုမိုများပြားခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသည့် ပုဂ္ဂလိက၏ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း၊ ဝင်ငွေရရှိမှုကောင်းမွန်လာခြင်းကြောင့် ဇွန်လတွင် ၁ ရာခိုင်နှုန်းပြန်လည်မြင့်တက်ခဲ့ကြောင်း Japan Center for Economic Research ၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။
ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၇ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် မြင့်တက်ခဲ့ကြောင်း၊ အိမ်ထောင်မှုပစ္စည်းများ၊ ပရိဘောဂများ၊ အဝတ်အစားများနှင့် ဖိနပ်အပါအဝင် ကုန်စည်အများအပြားကို ဝယ်ယူသုံးစွဲမှုမှာလည်းမြင့်တက်ခဲ့ကြောင်း JCER ၏ အစီရင်ခံစာအရ သိရှိရကြောင်း ဖော်ပြထားပါသည်။
စက်ပစ္စည်းများနှင့် အရင်းအနှီးကုန်စည်များဝယ်ယူမှုကို ဆန်းစစ်ချက်အရ ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုများမှာ ၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများတင်သွင်းမှုမှာ ၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်မှာ ၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ၃ လတာကာလအတွင်း ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၈ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း Japan Center for Economic Research က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)
Source: The Nikkei Asia