တောင်ကိုရီးယားနိုင်ငံရှိ အိမ်ထောင်စုဝင်များငွေကြေးဖောင်းပွမှုဖိအားကို ဆက်တိုက်ကြုံတွေ့နေရချိန်တွင် ဆန်နှင့် မုန်လာထုပ်ကဲ့သို့သောအဓိကစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်စေရေးအစွမ်းကုန်ကြိးပမ်းဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ၅-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သော စီးပွားရေးမူဝါဒဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး(၁) Mr. Lee Hyoung Il က ပြောကြားခဲ့ ပါသည်။
ဈေးနှုန်းတည်ငြိမ်စေရေးဆောင်ရွက်ရာတွင် ရောင်းလိုအားမြှင့်တင်ခြင်းနှင့် ဈေးလျှော့ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာသေးခင်ရက်သတ္တပတ်များအတွင်း အဓိကစားသောက်ကုန်များဈေးနှုန်း လွန်မင်းစွာမြင့်မားခဲ့ကြောင်း၊ သို့ဖြစ်၍ ဈေးလျှော့ပေးသည့်အစီအစဉ်များအရ ဆန်ကီလို(၂၀)လျှင် ဝမ်ငွေ ၃,၀၀၀(အမေရိကန်ဒေါ်လာ ၂.၁၆ ဒေါ်လာ) လျှော့ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကင်ချီပြုလုပ်ရာတွင် အသုံးပြုသည့်မုန်လာထုပ်ရောင်းလိုအားကိုလည်း နှစ်ဆမြှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း၊ အပူလှိုင်းနှင့် မိုးကြီးမှဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အချို့သောလယ်ယာထွက်ကုန်များ(ဥပမာ-ဖရဲသီး)အတွက်လည်း အထောက်အပံ့အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဇူလိုင်လအတွင်း စားသုံးသူဈေးနှုန်းများသည် (၂)ရာခိုင်နှုန်းကျော် (၂)လဆက်တိုက်မြင့်မားလာခဲ့ပါသည်။ စက်မှုလုပ်ငန်းသုံးကုန်စည်များနှင့် လယ်ယာထွက်ကုန်များဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်မားရခြင်းဖြစ်ပါကြောင်း စာရင်းထုတ်ပြန်ထားပါသည်။ လယ်ယာထွက်ကုန်ကဏ္ဍတွင် ဖရဲသီးများဈေးနှုန်းသည် ယခင်နှစ်ကထက် ၂၀.၇ ရာ ခိုင်နှုန်းမြင့်မားလာခဲ့ပြီး ဆလပ်ရွက်ဈေးနှုန်းများသည် ယခင်နှစ်အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းဈေးမြင့်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
Source: Korea Times
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)