ယူအေအီးနိုင်ငံမှ Emirates လေကြောင်းလိုင်းသည် တရုတ်ပြည်မကြီးတွင် ၎င်းတို့၏စတုတ္ထမြောက် တံခါးပေါက်ဖြစ်သော ရှန်ဇန်းမြို့သို့ နေ့စဉ်ပျံသန်းပြေးဆွဲမည့် လေကြောင်းဝန်ဆောင်မှုအသစ်ကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး အရှေ့အာရှဒေသတွင် ၎င်း၏ တည်ရှိမှုကို အားကောင်းစေခဲ့ပါသည်။
စတင်ပျံသန်းပြေးဆွဲသည့် လေယာဉ်သည် ဇူလိုင်လ၊ ၁ ရက်နေ့က ရှန်ဇန်းမြို့ရှိ Shenzhen Bao'an အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်ခဲ့ပြီး Emirates လေကြောင်းလိုင်း၏တရုတ်နိုင်ငံသို့ ပျံသန်းပြေးဆွဲမှုများကို ဗျူဟာမြောက်ချဲ့ထွင်မှုအဖြစ် အမှတ်အသားပြုခဲ့ပါသည်။
အဆိုပါလေကြောင်းခရီးစဉ်အသစ်ကို Boeing 777-300ER လေယာဉ်ဖြင့် လည်ပတ်ပျံသန်းပြီး နံနက် ၁၀ နာရီ ၅ မိနစ်တွင် ဒူဘိုင်းမှထွက်ခွာကာ ည ၁၀ နာရီတွင် ရှန်ကျန်းမြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။ အသွားအပြန်လေယာဉ်သည် ရှန်ဇန်းမြို့မှ ည ၁၁ နာရီ ၅၅ မိနစ်တွင်ထွက်ခွာပြီး နံနက်စောစောပိုင်းတွင် ဒူဘိုင်းမြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ဤအချိန်ဇယားသည် ဥရောပမြို့ကြီးများနှင့် Emirates လေကြောင်းလိုင်း၏ ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာကွန်ရက်များသို့ ချောမွေ့စွာချိတ်ဆက်ပေးထားခြင်းဖြစ်ပါ သည်။
လေကြောင်းခရီးစတင်ဖွင့်လှစ်သည့်ခရီးစဉ်တွင် ခရီးသည်များမှအထူးအမှတ်တရလက်ဆောင်များကိုရရှိခဲ့ကြပြီး ယူအေအီးနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားရွေးချယ်ခွင့်များတိုးမြှင့်ရန်အတွက် Emirates လေကြောင်းလိုင်း၏ကတိကဝတ်များကို မီးမောင်းထိုးပြခဲ့ပါသည်။ ရှန်ကျန်းမြို့သည် Emirates လေကြောင်းလိုင်း၏ အဆင့်မြှင့်တင်ထားသော Boeing 777 လေယာဉ်အမျိုးအစားဖြင့် အဆင့်မြှင့်တင်ထားသော သီးသန့်အခန်းများပါရှိပြီး Premium Economy ဖြင့်ဆုရရှိထားသည့် လေကြောင်းဝန်ဆောင်မှုများဖြင့် ပျံသန်းပြေးဆွဲမည့် ပထမဆုံးသောတရုတ်ပြည်မကြီး၏မြို့တစ်ခုဖြစ်ပါသည်။
Emirates လေကြောင်းလိုင်း၏တိုးချဲ့မှုသည် အရှေ့အလယ်ပိုင်းဒေသတွင်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြသော ယူအေအီး နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်ခရီးသွားလာရေးဆိုင်ရာဆက်ဆံရေးကို ပံ့ပိုးပေးလျက်ရှိပါသည်။ လေကြောင်းလိုင်း ၏တိုးချဲ့ကုန်တင်နိုင်စွမ်းသည် ရှန်ကျန်းမြို့၏ အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များကို ကူညီပေးနေပြီး “လေကြောင်းပိုးလမ်းမ”ပဏာမခြေလှမ်းကို မြှင့်တင်ပေးလျက်ရှိပါသည်။
တရုတ်နိုင်ငံသို့ GCC နိုင်ငံများမှခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခရီးသွားလာမှုကို ယခုအခါတွင် ရရှိနိုင်ပြီဖြစ်ပြီး Emirates လေကြောင်းလိုင်းသည် ၎င်း၏ပိုမိုကျယ်ပြန့်သော အရှေ့အာရှဒေသတိုးတက်မှုမဟာဗျူဟာနှင့်အညီ အဆင်ပြေချောမွေ့သောချိတ်ဆက်ချိတ်ဆက်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြထားပါသည်။
Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)