Thailand

အမေရိကန်သည် ထိုင်းအပေါ် အခွန်နှုန်းထား ၁၈ ရာခိုင်နှုန်းသတ်မှတ်နိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းပြောကြားခဲ့

Last Updated:

ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အပြန်အလှန်အခွန်အသစ်အဖြစ် ထိုင်းကုန်စည်များအပေါ် အမေရိကန်သည် ၁၈ ရာခိုင်နှုန်းကောက်ခံနိုင်ကြောင်း ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ထိုင်းအစိုးရအနေဖြင့် အမေရိကန်နှင့် ညှိနှိုင်းမှုရလဒ်ကို စောင့်ဆိုင်းလျက်ရှိပြီး ပြင်ဆင်ထားသော အရေးပေါ်အစီ အစဉ်များသည် မည်သည့်စီးပွားရေးသက်ရောက်မှုကိုမဆို ခုနှိမ်ရန်ဖြစ်ကြောင်း၊ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခနှင့်စပ်လျဉ်း၍ မလေးရှားတွင် အောင်အောင်မြင်မြင်ညှိနှိုင်းပြီးနောက် အမေရိကန်သမ္မတက ယာယီဝန်ကြီးချုပ် H.E Phumtham Wechayachai ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပါကြောင်း၊ ထရမ့်က ထိုင်းနိုင်ငံ၏ သံတမန်ရေးရာကြိုးပမ်းမှုများအတွက်အထင်ကြီးခဲ့ပြီး ဒေသတွင်းတင်းမာမှုများကို ကိုင်တွယ်ဖြေရှင်းပုံကို ကျေနပ် လျက်ရှိရာ အခွန်ပြဿနာအတွက်လည်း အကောင်းဆုံးနည်းလမ်းဖြင့်ဖြစ်စေရေး ကတိပေးခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira ဦးဆောင်သည့်ညှိနှိုင်းမှုများသည်လည်း သင့်တင့်ကောင်းမွန်ကြောင်း ဝန်ကြီး Phumtham က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၁၅ ရာခိုင်နှုန်းဖြင့် ဥရောပသမဂ္ဂနှင့် ဂျပန်တို့အပေါ် ကောက်ခံသည့်နှုန်းထားနှင့်တူညီပါကြောင်း၊ ဘရာဇီးသည် ၅၀ ရာခိုင်နှုန်းနှင့် အိန္ဒိယသည် ၂၅ ရာခိုင်နှုန်းသတ်မှတ်ခံထားရပြီး ပါလက်စတိုင်းအသိ အမှတ်ပြုရန် ပြင်ဆင်နေခြင်းအတွက် ကနေဒါအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများရင်ဆိုင်ရမည်ဟု ထရမ့်က သတိပေးထားခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand