၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုသည် ကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံထိစံချိန်တင်မြင့်မားခဲ့ပြီး ယခင်နှစ်ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံထက် ၁၇ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့သည်။ အဆိုပါတိုးတက်မှုသည် ငရုတ်သီး၊ နံနံ၊ ဂျင်း၊ တရုတ်နံနံနှင့်စမုန်နက်တို့ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များ၏ဝယ်လိုအားမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၇ ရက်နေ့က ဖော်ပြသည်။
အိန္ဒိယနိုင်ငံမှ ဘဏ္ဍာနှစ်အလိုက် ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု
ဟင်းခတ်အမွှေး အကြိုင်အမည် |
၂၀၂၃-၂၄ ဘဏ္ဍာနှစ် |
၂၀၂၂-၂၃ ဘဏ္ဍာနှစ် |
||
အရေအတွက် (တန်) |
တန်ဖိုး (ကန်ဒေါ်လာ သန်း) |
အရေအတွက် (တန်) |
တန်ဖိုး (ကန်ဒေါ်လာ သန်း) |
|
ငြုပ်သီး |
601,084 |
1,509.00 |
524,017 |
1,309.66 |
နနွင်း |
162,019 |
226.65 |
170,094 |
208 |
နံနံ |
108,624 |
114.74 |
54,481 |
82.61 |
ဇီယာ |
165,267 |
700.37 |
186,509 |
522 |
ငြုပ်ကောင်း |
၁၇,၈၉၀ |
88.91 |
18,026 |
90.89 |
ဖာလာ (အသေး) |
6,186 |
120.52 |
7,353 |
109.72 |
ဖာလာ (အကြီး) |
1,281 |
17.86 |
1,883 |
1,711.00 |
ဟင်းချက်မဆလာ အမှုန့်/အနှစ် |
72,421 |
212 |
57,948 |
176.26 |
အမွှေးဆီ/Oleoresins |
18,762 |
497.98 |
18,398 |
510.4 |
စုစုပေါင်း |
1,539.692 |
4,464.17 |
1,414.254 |
3,969.79 |
ရင်းမြစ်။ www.thehindubusinessline.com
အိန္ဒိယဟင်းခတ်အမွှေးအကြိုင်များအား ဝယ်ယူသောအဓိကဈေးကွက်ငါးခုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အမေရိကန်ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီးနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ နနွင်း ရရှိနိုင်မှုပြဿနာများနှင့် အီသလင်းအောက်ဆိုဒ်(ETO)မီးခိုးငွေ့ပါဝင်ခြင်းနှင့်ပတ်သက်သည့် အရည်အသွေးဆိုင်ရာစိုးရိမ်မှုများကဲ့သို့သော စိန်ခေါ်မှုများရှိနေသော်လည်း ပို့ကုန်လုပ်ငန်းသည် ခံနိုင်ရည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော လက်ရှိဘဏ္ဍာရေးနှစ် ပထမနှစ်လအတွက် ယာယီခန့်မှန်းချက်အရ ဧပြီလမှ မေလအတွင်း ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၇၆၆ ဒသမ ၇၉ သန်းရှိပြီး၊ ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၈၁၄ ဒသမ ၃၇ သန်းထက် ၅ ဒသမ ၈၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
All India Spices Exporters Forum ၏ဒုတိယဥက္ကဌ Emmanuel Nambusseril က ဟင်းခတ်အရောအနှောများ(မဆလာ)တင်ပို့မှု အနည်းငယ်ကျဆင်းခဲ့သော်လည်း ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု အပေါ် ETO ညစ်ညမ်းမှု၏ အလုံးစုံသက်ရောက်မှုမှာ အနည်းငယ်မျှသာဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ နနွင်းတင်ပို့မှုကျဆင်းရခြင်းမှာ အရည်အသွေးပြဿနာများထက် သီးနှံရှားပါးမှုကြောင့်ဖြစ်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများကြောင့် တန်ဖိုးမြှင့်ပို့ကုန်များကို ထိခိုက်မှုမရှိကြောင်း Nambusseril က အလေးထားပြောကြားခဲ့သည်။
လက်ရှိဘဏ္ဍာနှစ်တွင် ဟင်းခတ်အမွှေးအကြိုင်များတင်ပို့မှုမှာ ယခင်နှစ် အလားတူအဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိကြောင်း Nambusseril က ကြိုတင်ခန့်မှန်းထားသည်။ သို့သော် အချို့သောဖောက်သည်များသည် ETO ပါဝင်မှုဆိုင်ရာစိုးရိမ်မှုများကို တုံ့ပြန်ရန်အတွက် ပြင်ပဓာတ်ခွဲခန်းများမှ စမ်းသပ်မှုရလဒ်အသစ်များကို တောင်းဆိုနေကြသည့်အတွက် ကုမ္ပဏီများအပေါ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေနိုင်သည်ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုကဏ္ဍသည် အမျိုးမျိုးသောအတားအဆီးများကြားမှ စျေးကွက်လှုပ်ရှားပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်စေရန်နှင့် ကမ္ဘာ့ဝယ်လိုအားကို ဖြည့်ဆည်းရာတွင် ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေရှိမှုကို ဆက်လက်ပြသလျက်ရှိကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယနိုင်ငံ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံထိစံချိန်တင်မြင့်မားခဲ့ပြီး၊ အီသလင်းအောက်ဆိုဒ်(ETO)မီးခိုးငွေ့ပါဝင်ခြင်းဆိုင်ရာ အရည်အသွေးစံချိန်စံညွှန်းကိစ္စရပ်ကြောင့် နနွင်း၊ မဆလာစသည့် ဟင်းခတ်အမွှေးအကြိုင်အချို့၏ တင်ပို့မှုအပေါ် အနည်းငယ်အကျိုးသက်ရောက်စေလျက်ရှိပါသည်။
ရည်ညွှန်း။ The Hindu Businessline, India’s spices exports at record $4.46 billion in FY24, June 17, 2024
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)