China(Nanning)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်မှ အီလက်ထရွန်းနစ်အစိတ်အပိုင်းများထုတ်လုပ်သည့် Lingyi iTech (Guangdong) ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံတန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုများ စတင်လက်ခံဆောင်ရွက်နေ

Last Updated:

တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်မှ အီလက်ထရွန်းနစ်အစိတ်အပိုင်းများထုတ်လုပ်သည့် Lingyi iTech (Guangdong)ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁.၀၆ ဘီလီယံတန်ဖိုးအထိ ရင်းနှီးမြှုပ်နှံမှုများစတင်လက်ခံ၍ ဆောင်ရွက်နေပြီဖြစ်ပါသည်။

ကွမ်တုံပြည်နယ်အခြေစိုက် Lingyi iTech ကုမ္ပဏီသည်  အီလက်ထရွန်းနစ်ပစ္စည်းများ၊ ရိုဘော့များ၊ စီးပွားရေးလုပ်ငန်းဆာဗာများနှင့် ယာဉ်များတွင်အသုံးပြုသော အစိတ်အပိုင်းများကို ထုတ်လုပ်ပြီး၊ ၂၀၀၆ ခုနှစ် ကတည်းက စတင်လည်ပတ်ခဲ့သောကုမ္ပဏီသည် ရရှိသောဝင်ငွေများကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားရန်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ၎င်း၏ဝင်ငွေသည် ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးယွမ် ၅၁.၄ ဘီလီယံအထိရှိခဲ့ပါသည်။

Lingyi iTech ကုမ္ပဏီသည် ၎င်း၏ရှယ်ယာ ၈၁၁.၈ သန်းကို စတင်ရောင်းချလျက်ရှိပြီး၊ ကမ်းလှမ်းထားသည့်ဈေးနှုန်းသည် ရှန်းကျန်းရှယ်ယာဈေးနှုန်းထက် ၄၄ ရာခိုင်နှုန်းလျှော့ချရောင်းချခြင်းဖြစ်ပြီး၊ ကုမ္ပဏီ၏ ရှယ်ယာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ကုမ္ပဏီ၏ ဈေးကွက်ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံခန့်ရှိပါသည်။ GF Fund Management Co၊ Qube Research & Technologies နှင့် Sunny Optical Technology Group Co တို့သည် အမေရိကန်ဒေါ်လာ ၄၀၆.၉ သန်းတန်ဖိုးရှိ သောရှယ်ယာများကို ဝယ်ယူရန်နှင့် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ရှယ်ယာများကို ကိုင်ဆောင်ထားရန်သဘောတူညီခဲ့ကြပါသည်။

ယခုကဲ့သို့ရှယ်ယာများရောင်းချခြင်းဖြင့် Lingyi iTech ကုမ္ပဏီသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာကို ရရှိနိုင်မည်ဖြစ်ပြီး AI server များ၊ Humanoid robots များကဲ့သို့နည်းပညာမြင့်နယ်ပယ်များတွင်ပါ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့နိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ နည်းပညာဆိုင်ရာကုမ္ပဏီများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုမြင့်မားမှုကိုလည်း ထင်ဟပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

Source:          https://www.chinadailyasia.com/hk/article/635114

(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)