Russia

ရုရှား၏ သဘာဝရော်ဘာဈေးကွက်အလားအလာ ၂၀၂၂–၂၀၂၆

Last Updated:

ရုရှားနိုင်ငံ၏ သဘာဝရော်ဘာလိုအပ်ချက်(Demand)သည် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၆.၂ သန်းအထိရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ ယင်းသည် ၂၀၂၁ ခုနှစ်တွင်ရှိခဲ့သော ဒေါ်လာ ၂၄၆.၇ သန်းနှင့်နှိုင်းယှဉ်လျှင် နှစ်စဉ်ပျမ်းမျှ ၂.၅% တိုးတက်လာခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစ၍ ရုရှား၏သဘာဝရော်ဘာလိုအပ်ချက်သည် နှစ်စဉ်ပျမ်းမျှ ၇.၉% နှုန်းဖြင့် တိုးတက်လာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ရုရှားသည် သဘာဝရော်ဘာတင်သွင်းမှုအဆင့်တွင် ကမ္ဘာ့အဆင့် ၁၀ နေရာတွင် ရပ်တည်ခဲ့ပြီး၊ ပြင်သစ်နိုင်ငံသည် ဒေါ်လာ ၂၄၆.၇ သန်းဖြင့် ပထမနေရာတွင်ရှိခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မလေးရှားနှင့် ဂျပန်နိုင်ငံများသည် အဆင့်လိုက်ရပ်တည်ခဲ့ကြသည်။

အခြားတစ်ဖက်တွင်၊ ရုရှား၏သဘာဝရော်ဘာတင်ပို့မှု(Exports)သည် ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၇၅၈.၆ သန်းအထိရောက်ရှိလာမည်ဟုခန့်မှန်းထားပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ်တွင်ရှိခဲ့သော ဒေါ်လာ ၆၈၂ သန်းထက် နှစ်စဉ်ပျမ်းမျှ ၁.၈% တိုးတက်လာခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစ၍ ရုရှား၏ သဘာဝရော်ဘာပံ့ပိုးမှု(Supply)သည် နှစ်စဉ် ပျမ်းမျှ ၈.၃% နှုန်းဖြင့် တိုးတက်လာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ရုရှားသည် သဘာဝရော်ဘာတင်ပို့မှုအဆင့်တွင် ကမ္ဘာ့အဆင့် ၄၇ တွင်ရပ်တည်ခဲ့ပြီး၊ ဘီလာရုစ်နိုင်ငံသည် ဒေါ်လာ ၆၈၂ သန်းဖြင့် ပထမနေရာတွင် ရပ်တည်ခဲ့သည်။ ထို့နောက် အင်ဒိုနီးရှား၊ အိုင်ဗရီကို့စ်နှင့် မလေးရှားနိုင်ငံများသည် အဆင့်လိုက်ရပ်တည်ခဲ့ကြသည်။

Source: https://www.reportlinker.com

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia