Singapore

ဂျပန်နိုင်ငံနှင့်စင်ကာပူနိုင်ငံအကြား Bilateral Swap Arrangement သက်တမ်းတိုး

Last Updated:

Bank of Japan နှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore -MAS)တို့က နှစ်နိုင်ငံအကြား လက်မှတ်ထိုးထားသည့် Bilateral Swap Arrangement (BSA)ကို သက်တမ်းတိုးခဲ့ကြောင်း MAS က သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ BSA သည် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာကို ပြည်တွင်းသုံးငွေကြေးသို့ ပြန်လည်လဲလှယ်နိုင်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံအတွက် ဂျပန်ယန်းငွေကို စင်ကာပူဒေါ်လာသို့ ပြန်လည်လဲလှယ်နိုင်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ဂျပန်ယန်းငွေနှင့်ညီမျှသော စင်ကာပူဒေါ်လာ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ စင်ကာပူဒေါ်လာလဲလှယ်နိုင်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ဂျပန်ယန်းငွေကို လဲလှယ်နိုင်မည်ဖြစ်ပါသည်။

ပြန်လည်သက်တမ်းတိုးသည့် BSA တွင် Chiang Mai Initiative Multilateralisation(CMIM) Agreement တွင် မကြာသေးမီက ပြင်ဆင်ထားသည့်သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်မှုများကို ထပ်မံဖြည့်စွက်ခဲ့ပါသည်။ စင်ကာပူနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုအလေးပေးဆောင်ရွက်ရန် ထပ်မံအတည်ပြုခဲ့ပြီး ဒေသတွင်း၌ ပြည်တွင်းသုံးငွေ(Local Currency)အသုံးပြုမှုကို တိုးမြှင့်ရန်၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးတိုးတက်လာမှုနှင့် ငွေကြေးဈေးကွက်တည်ငြိမ်မှုကို အထောက်အကူဖြစ်စေမည့် BSA သက်တမ်းတိုးခြင်းကို ကြိုဆိုခဲ့ကြပါသည်။

BSA ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလက နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ်သက်တမ်းတိုးခဲ့ပြီးဖြစ်ပါသည်။ နှစ်နိုင်ငံအကြား BSA ဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် ပြည်တွင်းသုံးငွေခိုင်မာမှုရှိစေရေး၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍတို့တွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို လျှော့ချနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore