ထိုင်းနိုင်ငံက နယ်စပ်စစ်ဆေးရေးဂိတ်များကို အပြည့်အဝဖွင့်လှစ်ပေးရန်ငြင်းဆန်ခဲ့မှုကိုတုန့်ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သွင်းကုန်များအားလုံးကို ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။
အိမ်နီးချင်းထိုင်းနိုင်ငံမှ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်ကုန်သေတ္တာများအတွက် နယ်စပ်ဂိတ်အားလုံးပိတ်ထားပြီဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ထိုင်းနိုင်ငံအနေဖြင့် စစ်ဆေးရေးဂိတ်များအားလုံးပြန်လည်ဖွင့်လှစ်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံ၏ ထုတ်ကုန်များအပေါ် ပိတ်ဆို့ခြင်းစသည်ဖြင့် တောင်းဆိုခဲ့ကြောင်း၊ နယ်စပ်မှ လူများဖြတ်သန်းသွားလာမှုကို ခွင့်ပြုထားဆဲနှင့် ကမ္ဘောဒီးယား အခြားသောထိုင်းထုတ်ကုန် ကုန်သေတ္တာများကို ခွင့်ပြုထားဆဲဖြစ်ကြောင်း၊ ခလောင်ရိုင်ရှိ ဘန်ဟတ်လက်စစ်ဆေးရေးဂိတ်မှ ထိုင်းသစ်သီးများနှင့် ဟင်းသီးဟင်းရွက်ကုန်သေတ္တာများဖြတ်သန်းသွားလာခွင့်ကို ၁၇-၆-၂၀၂၅(အင်္ဂါနေ့)နံနက်ပိုင်းမှစ၍ တားဖြစ်ခဲ့ကြောင်း၊ ထိုင်းထုတ်ကုန်ကုန်သေတ္တာများ တင်ဆောင်ထားသော ကုန်တင်ကားအစီး ၃၀ ခန့်သည် နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေရပြီး ကုန်စည်များတွင် လတ်ဆတ်ဟင်းသီးဟင်းရွက်များ၊ သစ်သီးနှင့်ပင်လယ်စာများနှင့် အေးခဲအစားအသောက်များ ပါဝင်ကြောင်း၊ နံနက် ၈ နာရီခန့်တွင် စစ်သားများက လတ်ဆတ်နှင့် အေးခဲပင်လယ်စာများတင်ဆောင်ထားသည့်ကုန်တင်ကားများအတွက် နယ်စပ်ဂိတ်တံခါးကို ဖွင့်လှစ်ပေးခဲ့သော်လည်း ဟင်းသီးဟင်းရွက်များနှင့် သစ်သီးကုန်သေတ္တာကားများကိုမူ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသယ်ဆောင်ထားသော ကုန်တင်ယာဉ်မောင်းနှင်သူများက ညှိနှိုင်းဆွေးနွေးမှုများအတွက် စောင့်ဆိုင်းနေရကြောင်း၊ အေးခဲပင်လယ်စာကုန်သေတ္တာတင်ဆောင် မောင်းနှင်သူက ယခင်နေ့အထိ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိပြီး ကမ္ဘောဒီးယားအနေဖြင့် ပို့ဆောင်မှုအပေါ် အတားအဆီးမရှိပါကြောင်း၊ သစ်သီးကုန်တင်ကောင်းမောင်းနှင်သူကို ပသူသနီရှိ တာလတ်ထိုင်းဈေးမှ သစ်သီးများကို ကမ္ဘောဒီးယားရှိ Koh Kong ပြည်နယ်ရှိ ကုန်သည်များထံ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အလုပ်ရှင်များက ကမ္ဘောဒီးယားမှ ပိတ်ဆို့မှုများကို သတိထားမိပြီး နယ်စပ်တွင်စောင့်ဆိုင်းရန် ပြောခဲ့ပါကြောင်း၊ Koh Kong အကောက်ခွန်ရုံးက ထိုင်းသစ်သီးနှင့်စိုက်ပျိုးရေးထုတ်ကုန်များအပေါ် ပိတ်ဆိုးထားရန်နှင့် ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် အခြားသောထုတ်ကုန်များတင်သွင်းမှုကို ခွင့်ပြုရန်ညွှန်ကြားထားကြောင်း၊ တာရက်ရှိ ထိုင်းစာသင်ကျောင်းများတွင် ပညာသင်ကြားနေသည့် ကမ္ဘောဒီးယားကျောင်းသားများကိုမူ ပုံမှန်အတိုင်းဖြတ်သန်းခွင့်ပြုထားပါကြောင်း၊ နယ်မြေအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံကမ္ဘောဒီးယားက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆွေးနွေးမှုဖြင့်သာ ဖြေရှင်းမည်ဖြစ်ကြောင်း တရားရုံးသို့ ငြင်းဆိုထားကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)