China(Nanning)

ကွမ်ရှီးပြည်နယ်သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အဓိကကျသော ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်အဖြစ် ရပ်တည်နေ

Last Updated:

ကုန်းမြေ-ရေကြောင်းနိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ် New International Land-Sea Trade Corridor (ILSTC)တည်ဆောက်ရေးစီမံကိန်းသည် တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ပေးမည့် ကွမ်ရှီးပြည်နယ်၏ အဓိကကျသော ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်အဖြစ် ရပ်တည်မှုကို ပိုမိုသိသာထင်ရှားစေမည့် စီမံကိန်းတစ်ခုဖြစ်ပြီး၊ ကွမ်ရှီးဒေသ၏အချက်အချာကျမှုသည် ဒေသတွင်းကုန်သွယ်နိုင်မှုကိုပါ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ပါသည်။

အဆိုပါစင်္ကြံသစ်သည် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဆီယံနိုင်ငံများကို ချိတ်ဆက်ပေးလျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ကွင်းဆက်တစ်လျှောက် နယ်စပ်ဖြတ်ကျော်စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင် ဝယ်လိုအားမြင့်တက်လာသော တရုတ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ထုတ်ကုန်အသစ်များနှင့် ကွမ်တုံ-ဟောင်ကောင်-မကာအိုပင်လယ်အော်ဒေသ(GBA)၏ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်လျက်ရှိသည့် အခြေအနေများသည် နယ်စပ်နှင့်ကမ်းရိုးတန်းဒေသများရှိ စက်မှုဇုန်များ၏ အလျင်အမြန်တိုးတက်မှုကို တွန်းအားတစ်ရပ်ဖြစ်စေခဲ့ပြီး၊ ကွမ်ရှီးဒေသ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားကောင်းစေခဲ့ပါသည်။

ယင်းသည် ကွမ်ရှီး-ဟောင်ကောင်ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ဖြစ်သော GBA R&D + Guangxi manufacturing + ASEAN ဈေးကွက်ပုံစံအဖြစ်ပုံပေါ်လာခဲ့ပြီး၊ တရုတ်ပြည်မကြီးဈေးကွက်သို့ ပိုမို လွယ်ကူစွာဝင်ရောက်နိုင်စေမည်သာမက အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုလွယ်ကူစွာချိတ်ဆက်နိုင်စေရန်အတွက်ပါ ကွမ်ရှီးဒေသ၏ အချက်အချာကျမှုသည် အရေးပါလျက်ရှိပါသည်။

ဟောင်ကောင်-GBA ချိတ်ဆက်မှုသည် ကွမ်ရှီးဒေသရှိ အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဏ္ဍမှ လုပ်ငန်းများအား လက်တွေ့လုပ်ဆောင်နိုင်သော သုတေသနဖွံ့ဖြိုးမှုရလဒ်များဖြင့် စီးပွားဖြစ်ထုတ်ကုန်များကို အာဆီယံဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။

ကွမ်ရှီးဒေသ၏တရှိန်ထိုးဖွံ့ဖြိုးတိုးတက်လာလျက်ရှိသော စက်မှုကဏ္ဍတွင်လည်း စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ရေနံဓာတုဗေဒအပါအဝင် စက်မှုလုပ်ငန်းအမျိုးမျိုးအတွက် အသုံးပြုရန် ဓာတုကုန်ကြမ်းပစ္စည်းများ နေ့စဉ်ပမာဏများပြားစွာထုတ်လုပ်ခြင်း၊ ကုန်စည်အမည်သစ်များ ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များပြုပြင်ထုတ်လုပ်ခြင်းတို့ကို အလေးပေးဆောင်ရွက်နေပါသည်။

အထူးသဖြင့် ဉာဏ်ရည်တုအသုံးချ(AI)ကဏ္ဍနှင့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ၊ စွမ်းအင်ပုံစံအသစ်နှင့်အီလက်ထရွန်းနစ်သတင်းအချက်အလက်ဖလှယ်ရေးလုပ်ငန်းများသည် သိသာစွာတိုးတက်လာသည်ကို တွေ့ရှိရပြီး၊ ကွမ်ရှီး‌ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေခဲ့ပါသည်။

ကွမ်ရှီးပြည်နယ်သည် ဈေးကွက်အခွင့်အလမ်းများစွာကို အပြည့်အဝအသုံးချနိုင်ရန်အတွက် ၎င်း၏ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးအဆောက်အအုံများတိုးတက်ကောင်းမွန်လာစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

ကုန်းမြေ-ရေကြောင်းနိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ်(ILSTC)တည်ဆောက်ရေးစီမံကိန်းသည် ကုန်းကြောင်းနှင့် ရေကြောင်းနှစ်မျိုးလုံးမှတစ်ဆင့် သယ်ယူပို့ဆောင်ချိန်ကို သိသိသာသာတိုတောင်းစေမည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကိုလျှော့ချပေးမည်ဖြစ်ရာ ကွမ်ရှီး၏ကုန်သွယ်မှုပုံစံသည် ၎င်း၏“စင်္ကြံစီးပွားရေး” အခန်းကဏ္ဍ(corridor economy)မှ “စက်မှုလုပ်ငန်းဦးဆောင်သော စီးပွားရေး”(industry‑led economy)အထိ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

ILSTC စင်္ကြံသစ်နှင့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်အဖွဲ့(Regional Comprehensive Economic Partnership - RCEP)တို့၏ ကောင်းမွန်သော သက်ရောက်မှုအနေဖြင့် ကွမ်ရှီး‌ဒေသနှင့် အာဆီယံနိုင်ငံများအကြား ချိတ်ဆက်နိုင်မှုကိုမြှင့်တင်ပေးမည်ဖြစ်ပြီး ဒေသတွင်းကုန်သွယ်မှုကိုပါ သိသိသာသာတိုးတက်လာစေမည်ဖြစ် ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် အာဆီယံသည် ကွမ်ရှီးဒေသ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၂၅ နှစ်ဆက်တိုက်ရပ်တည်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းကို အခြေခံကာ ဆက်လက်တည်ဆောက်သွားနိုင်မည်ဖြစ်ပါသည်။

Source:         https://research.hktdc.com/en/article/MjMxMjI3NzE1Mw

(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)