Vietnam

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သည် ၄ လအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၃.၅ သန်းကို ကြိုဆိုခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့သို့ ယခုနှစ်လေးလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၃.၅ သန်းကျော်လာရောက်ခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ၁၈.၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း မြို့တော်စာရင်းအင်းရုံး၏ ဖော်ပြချက်အရ သိရှိရပါသည်။ ခရီးသွားဧည့်သည်များအနက် ၁.၇ သန်းကျော်သည် နိုင်ငံတကာခရီးသွားဧည့်သည်များဖြစ်ကြောင်း သိရှိရပါသည်။

ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများသည် ဒါနန်းမြို့စီးပွားရေးတည်ဆောက်မှု၏ ၇၁ ရာခိုင်နှုန်းကျော်တိုးတက်မှုအတွက် အဓိမောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေပါကြောင်း၊ လေးလတာကာလအတွင်း ဝန်ဆောင်မှုလုပ်ငန်း၏ စုစုပေါင်းဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁၂ ထရီလီယံနီးပါး(အမေရိကန်ဒေါ်လာ ၄၅၃ သန်းကျော်)ရှိကြောင်း ခန့်မှန်းထားပါသည်။

ဒါနန်းမြို့တော်၏ ပြည်တွင်းကုန်သွယ်မှုသည် ဗီယက်နမ်ဒေါင် ၅၂ ထရီလီယံနီးပါး(အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်)ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၅ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း၊ တစ်ချိန်တည်းတွင် မြို့တော်သည် ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

ယခုနှစ်အစမှစတင်၍ စက်မှုဇုန်ပြင်ပစီမံကိန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဗီယက်နမ်ဒေါင် ၉.၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၆၆ သန်းကျော်)ဖြင့် လုပ်ငန်းပေါင်း ၁,၃၇၃ ခုအတွက် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam