Singapore

လိုင်စင်ရခရီးသွားအေဂျင်စီများနှင့်သာ ခရီးသွားဆိုင်ရာကိစ္စရပ်များဆောင်ရွက်ကြရန် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ အကြံပြု

Last Updated:

လိုင်စင်ရခရီးသွားအေဂျင်စီများနှင့်သာ ခရီးသွားဆိုင်ရာကိစ္စရပ်များအတွက် ငွေပေးချေခြင်းများဆောင်ရွက်ကြရန် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က အကြံပြုထားပါသည်။

Mr. Lim Yin Shoon ၊ I-Travel Pte. Ltd နှင့် Like Travel Pte. Ltd တို့သည် လေယာဉ်လက်မှတ်၊ ကားလက်မှတ်၊ ခရီးသွားနေရာများသို့ ဝင်ခွင့်လက်မှတ်၊ ဟိုတယ်အခန်းငှားရမ်းခြင်းစသည့် ခရီးသွားဆိုင်ရာအမျိုးအစားများ (travel products)ကို ဆောင်ရွက်ပေးမည်ဟု ကမ်းလှမ်းမှုကြောင့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က သတိထားမိခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီ ၂ ခုနှင့် လူပုဂ္ဂိုလ်တို့သည် လိုင်စင်ရခရီးသွားလုပ်ငန်းအေးဂျင့်များ မဟုတ်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်းအေးဂျင့်လုပ်ကိုင်ပါက ခရီးသွားလုပ်ငန်းအေးဂျင့်များအက်ဥပဒေ ၁၉၇၅(the Travel Agents Act 1975)၏ ပုဒ်မ ၆(၂)အရ ပြစ်မှုမြောက်ပြီး ငွေဒဏ်စင်ကာပူဒေါ်လာ ၂၅,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်နှင့်ထောင်ဒဏ် ၂ ရပ်လုံးကျခံရမည်ဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် TRUST ဝက်ဆိုဒ်ရှိ Travel Agents directory မှတစ်ဆင့် လိုင်စင်ရခရီးသွားလုပ်ငန်းအေးဂျင့်များကို သိရှိနိုင်မည်ဖြစ်ပါသည်။

ရင်းမြစ်။        စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore