India (Kolkata)

Exploring Myanmar: A Gateway for Unlocking Trade & Investment Opportunities ဆွေးနွေးပွဲသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်မိုး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

Last Updated:

ကော်လ်ကတ္တားမြို့၊ The Lake Club ၌ ၂၂-၈-၂၀၂၄ ရက်(ကြာသပတေးနေ့)ညနေပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် Indian Chamber of International Business (ICIB)နှင့် Alteus Group of Companies တို့ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်ခဲ့သည့် Exploring Myanmar:A Gateway for Unlocking Trade & Investment Opportunities ဆွေးနွေးပွဲသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်၊ ဦးတင်မိုးတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို အိန္ဒိယ(West Bengal ပြည်နယ်)နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် West Bengal ပြည်နယ်တွင် Bengal - Myanmar ကုန်သွယ်မှုဆိုင်ရာ ကုန်သည်ကြီးများအသင်းတည်ထောင်နိုင်ရေးအတွက် ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဘက်မှ Alteus Group of Companies ဥက္ကဌ၊ ICIB မှ Secretary General၊ Federation of Indian Export Organizations(FIEO)- East မှ Regional Chairman နှင့် ကော်လ်ကတ္တားတက္ကသိုလ်မှ ပါမောက္ခတို့က ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအကြောင်း၊ အခက်အခဲနှင့်စိန်ခေါ်မှုများအကြောင်း Panelists များနှင့် တက်ရောက်လာသူများအကြား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယကုန်သည်အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် မီဒီယာများ၊ အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသူများအပါအဝင် စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)