တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း နည်းပညာမြင့်လုပ်ငန်းများအတွက် ချေးငွေထောက်ပံ့မှုကို တိုးမြှင့်ဆောင် ရွက်ခဲ့ပြီး ဒုတိယသုံးလပတ်အတွင်း ယင်းကဏ္ဍရှိ အသေးစား/အလတ်စားလုပ်ငန်းများ(SMEs)၏ ထက်ဝက်ခန့် သည် ချေးငွေများစွာ တရားဝင်ထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရသည်။
တရုတ်နိုင်ငံ၊ ဗဟိုဘဏ်(People's Bank of China-PBOC)၏ထုတ်ပြန်ချက်အရ ချေးငွေထောက်ပံ့မှုရရှိသည့် နည်းပညာမြင့် SMEs လုပ်ငန်းအချိုးအစားသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင် ပြည်တွင်း/ပြည်ပငွေကြေးများဖြင့် နည်းပညာမြင့် SMEs များသို့ ထုတ်ချေးထားသည့် ချေးငွေပမာဏသည် ယွမ် ၃ ဒသမ ၄၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၄၈၄ ဘီလီယံခန့်)အထိ ရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လအထိ တစ်နှစ်ကာလအတွင်း ၂၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ PBOC ၏အစီရင်ခံစာအရ အဆိုပါတိုးတက်မှုနှုန်းသည် စုစုပေါင်းချေးငွေတိုးတက်မှုထက် ၁၆ ဒသမ ၁ ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း တွေ့ရှိရသည်။
အလားတူပင် နည်းပညာမြင့် SMEs လုပ်ငန်းများအတွက် ပြည်တွင်း/ပြည်ပငွေကြေးဖြင့် ထုတ်ချေးထားသည့် ချေးငွေပမာဏသည် တစ်နှစ်ကာလအတွင်း ၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး စုစုပေါင်းချေးငွေတိုးတက်မှုထက် ၁ ဒသမ ၄ ရာခိုင်နှုန်းပိုမိုခဲ့သည်။
ထို့အပြင် PBOC ၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ အစီမ်းရောင်စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် ချေးငွေထောက်ပံ့မှုများ ပိုမိုအားကောင်းလာကြောင်းဖော်ပြထားသည်။ ယခုနှစ် ဒုတိယသုံးလပတ်အဆုံးတွင် ပြည်တွင်း/ပြည်ပငွေကြေးဖြင့် ထုတ်ချေးထားသည့် အစိမ်းရောင်ချေးငွေပမာဏသည် ယွမ် ၄၂ ဒသမ ၃၉ ထရီလီယံအထိရှိခဲ့ပြီး ယခုနှစ်အစနှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0723/c90000-20343944.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)