China (Kunming)

တရုတ်နှင့် ဇမ်ဘီယာ စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

Last Updated:

တရုတ်နှင့် ဇမ်ဘီယာစီးပွားရေးလုပ်ငန်းရှင်များသည် ပူးတွဲပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများနှင့် မဟာဗျူဟာမြောက်မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများကို ဆွေးနွေးရန်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာဇမ်ဘီယာရင်းနှီးမြှုပ်နှံမှုညီလာခံ(Invest Zambia International Conference)၏ဆက်စပ်ဆွေးနွေးပွဲတစ်ခုဖြစ်သည့် "တရုတ်-ဇမ်ဘီယာရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ"(China-Zambia Investment Cooperation Seminar)တွင် တရုတ်-ဇမ်ဘီယာစီးပွားရေးကိုယ်စားလှယ်များစုစည်း၍ အပြန်အလှန်ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု၏တိုးတက်မှုများကို သုံးသပ်ခြင်းနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အတိုင်ပင်ခံဂျင်ဂျူး(Jin Jun)က တရုတ်-ဇမ်ဘီယာပူးပေါင်းဆောင်ရွက်မှု သည် အပြန်အလှန်အကျိုးကျေးဇူးများနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍသစ်တစ်ရပ်ကို စတင်ဖော်ဆောင်ရန် အချိန်ခါကောင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇမ်ဘီယာနိုင်ငံရှိတရုတ်စီးပွားရေးအသင်းအဖွဲ့များအတွက် အစိုးရနှင့်လုပ်ငန်းများအကြား ပေါင်းကူးတံတားအဖြစ် ၎င်းတို့၏အခန်းကဏ္ဍကိုမြှင်တင်ရန်၊ တရုတ်စီးပွားရေးလုပ်ငန်းများ စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် Jin က တိုက်တွန်းခဲ့ပြီး နှစ်နိုင်ငံအကြား အရည်အသွေးမြင့်ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွဆောင်ရွက်ရန် ပြောကြားခဲ့သည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ဇမ်ဘီယာနိုင်ငံ၏ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုတွင် နက်ရှိုင်းစွာပါဝင်နေပြီး ဒေသတွင်းစီးပွားရေးနှင့်လူမှုရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားအဖြစ် ရပ်တည်လာကြောင်း ၎င်း၏ပြောကြားချက်အရ သိရှိရသည်။

ဇမ်ဘီယာနိုင်ငံသည် ၎င်း၏သဘာဝအရင်းအမြစ်များကို စိတ်ဝင်စားရုံသာမက အပြန်အလှန်အကျိုးကျေးဇူးရရှိရေးအတွက် ကတိကဝတ်ပြုထားသည့်မိတ်ဖက်နိုင်ငံများနှင့်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ဇမ်ဘီယာကုန်သွယ်ရေး၊ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Chipoka Mulenga က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဇမ်ဘီယာ၏အကောင်းအဆိုးကာလများတွင် အမြဲဘေးကင်းလုံခြုံစွာရှိနေသည့်မိတ်ဆွေကောင်း တစ်ဦးဖြစ်ကြောင်း၊ အထူးသဖြင့် ဇမ်ဘီယာ၏ တောင်ဘက်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့ခံရချိန်တွင် တန်ဇန်းနီးယား-ဇမ်ဘီယာမီးရထားလမ်း(Tanzania-Zambia Railway)ဆောက်လုပ်ရေးတွင် တရုတ်နိုင်ငံက ကူညီခဲ့ကြောင်း၊၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ်အဆင့်မြှင့်တင်ပြီးနောက် တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာကြောင်း၊ ယခုအခါ တရုတ်လုပ်ငန်းများသည် ဇမ်ဘီယာ၏ ကြေးနီသတ္တုများတူဖော်ခြင်းလုပ်ငန်းများနှင့် သံမဏိထုတ်ကုန်များနှင့် ဓါတ်မြေဩဇာများကို ဒေသတွင်းထုတ်လုပ်ခြင်းလုပ်ငန်းတို့တွင် ကူညီဆောင်ရွက်ပေးနေကြောင်း  ဝန်ကြီး Mulenga က ဖော်ပြခဲ့သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0719/c90000-20342469.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)