India (Delhi)

အိန္ဒိယသည် အီးယူအတွက် သကြားတင်ပို့မှုခွဲတမ်း ၅,၈၄၁ တန်ကို သတ်မှတ်ပေးခဲ့

Last Updated:

အိန္ဒိယအစိုးရသည် 2023-24(အောက်တိုဘာ 2023 မှ စက်တင်ဘာ 2024)အတွက် သွင်းကုန်အခွန်စည်းကြပ်မှုကိုတာ(Tariff Rate Quota -TRQ)အစီအစဉ်အရ ဥရောပသမဂ္ဂသို့ သကြား 5,841 တန်တင်ပို့ခွင့်ကို သောကြာနေ့တွင် အသိပေးခဲ့ပါကြောင်း၊ TRQ သည် ဥရောပသမဂ္ဂ(EU)သို့ တင်ပို့သောပို့ကုန်ပမာဏအတွက် အကောက်ခွန်နှုန်းထားသက်သာစွာဖြင့် တင်ပို့နိုင်သည့်ခွဲတမ်းဖြစ်ပါကြောင်း၊ ခွဲတမ်းသည် ၎င်း၏ကန့်သတ်ချက်သို့ရောက်ရှိပြီးနောက် နောက်ထပ်တင်ပို့မှုများအတွက် ပိုမိုမြင့်မားသောအခွန်အခများပေးချေရန် လိုအပ်မည်ဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထား ပါသည်။

နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားရေးမှူးချုပ်သည်တရားဝင်ထုတ်ပြန်ချက်တွင် 2023-24 ခုနှစ်(အောက်တိုဘာ 2023 မှ စက်တင်ဘာလ 2024 ခုနှစ်)အတွက် အိန္ဒိယမှ EU သို့ သကြားတင်ပို့ရန် အတွက် 5,841 မက်ထရစ်တန်ကို ကိုတာခွဲဝေချထားပေးသည်ဟုဖော်ပြထားပြီး အီးယူသို့ သကြားတင်ပို့ခြင်းဆိုင်ရာ အကောက်ခွန်သက်သာခွင့်အတွက်လိုအပ်ပါက ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို မွမ်ဘိုင်းမြို့ရှိ နိုင်ငံခြားကုန်သွယ်မှုဌာန၏ Additional Director General မှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်စည်များ ပြည်ပသို့တင်ပို့ရောင်းချမှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် အဖွဲ့(Agricultural & Proceed Food Products Export Development Authority - APEDA)၏အရည်အချင်းပြည့်မီမှုနှင့် ခွင့်ပြုပမာဏထောက်ခံချက်နှင့်အညီ ထုတ်ပေးရမည်ဟုပါရှိကြောင်း သိရှိရပါသည်။

အီးယူသို့ သွင်းကုန်အခွန်စည်းကြပ်မှုကိုတာအရ တင်ပို့မည့်ကုန်စည်များအတွက် ခွဲတမ်းကို စိုက်ပျိုးရေးနှင့် စားသောက်ကုန်စည်များ ပြည်ပသို့တင်ပို့ရောင်းချမှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA)မှအကောင်အထည်ဖော်သည့် အေဂျင်စီအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသဖြင့် အီးယူသို့ သကြားတင်ပို့မှုဆိုင်ရာ သွင်းကုန်အခွန်စည်းကြပ်မှုကိုတာအပေါ် အိန္ဒိယနိုင်ငံ၏ စီမံခန့်ခွဲဆောင်ရွက်နေမှုအခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: India fixes sugar exports quota at 5841 tn for EU, The Economic Times, 25 August 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)