Germany

အလုပ်သမားခန့်ထားမှုများ စံချိန်တင်ကျဆင်းလာခဲ့သဖြင့် ဂျာမနီ၏အလုပ်အကိုင်ဈေးကွက် ရပ်တန့်သွားခဲ့

Last Updated:

The Federal Employment Agency ၏အကြီးအကဲဖြစ်သူ  Andrea Nahles က ဂျာမနီနိုင်ငံရှိ အလုပ်လက်မဲ့များအတွက် အလုပ် အကိုင်ရှာတွေ့နိုင်ခြေသည် စံချိန်တင်အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေပြီဟု ပြောကြားခဲ့ကြောင်း၊ အလုပ်လက်မဲ့များအတွက် အလုပ်ပြန်လည်ရှာတွေ့နိုင်ခြေ မည်မျှမြင့်မားသည်ကို ပြသသည့်အညွှန်းကိန်းတစ်ခုသည် သူမထံတွင်ရှိနေပြီးဖြစ်ရာ ၎င်းညွှန်းကိန်းသည် ပုံမှန်အားဖြင့် (၇)ဝန်းကျင်တွင်ရှိနေရမည်ဖြစ်သော်လည်း ယခုအချိန်တွင် (၅.၇)သာရှိနေသဖြင့် ယခင်ကထက် နိမ့်ကျနေကြောင်းနှင့်အလုပ်သမားဈေးကွက်သည် လပေါင်းများစွာ ပျဉ်ချပ်ကဲ့သို့ဖြစ်နေခဲ့ပြီး အရှိန်အဟုန်မရသည့်အကြောင်းကို သူမက သတင်းဌာနတစ်ခုသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အလုပ်လက်မဲ့များ၏ အကျိုးခံစားခွင့်နှင့်သက်ဆိုင်သော ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ အလုပ်လက်မဲ့များအတွက် နေရာချထားရေး ဆိုင်ရာဦးစားပေးမှုဟု အမည်ခံထားသောအစီအစဉ်ကို ပြန်လည်မိတ်ဆက်ခြင်းသာဖြစ်လိမ့်မည်ဟု Nahles က ဝေဖန်ခဲ့ပါသည်။ ၎င်း၏အမြင်အရ အလုပ်လက်မဲ့တစ်ဦးချင်းစီ၏ အရည်အချင်းပကတိအခြေအနေကို အာရုံမစိုက်နိုင်ပါက ယင်းအစီအစဉ်သည် အမှန်တကယ်ပြဿနာဖြစ်လာနိုင်သဖြင့် အလုပ်သမားဈေးကွက်ကို လျစ်လျူမရှုသင့်ကြောင်း သူမက ပြောကြားခဲ့ပါသည်။

ယခုနှစ် ဒီဇင်ဘာလလယ်တွင် အစိုးရအဖွဲ့သည် တင်းကျပ်သောစည်းမျဉ်းများနှင့် အရေးယူမှုများပါရှိသော အခြေခံဝင်ငွေစနစ်အသစ်ဖြင့် အနည်းဆုံးသုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးသူများကိုသာ အလုပ်လက်မဲ့အကျိုးခံစားခွင့်များဖြင့် အစားထိုးပေးရန်ဆုံးဖြတ်ခဲ့ကြောင်း၊ Nahles ၏အဆိုအရ သူမ၏အမြင်တွင် ဝန်ထမ်း အုပ်စုများအနေဖြင့် ၎င်းတို့၏ အလုပ်များကို ဆုံးရှုံးနိုင်ချေရှိနေသော်လည်း  အရည်အချင်းပြည့်မီသော အလုပ်သမားများအနေဖြင့် ယခုအချိန်အထိ အလုပ်သမားဈေးကွက်တွင် အခွင့်အလမ်းကောင်းများကို  ရရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် အလုပ်ဈေးကွက်သို့ ဝင်ရောက်လာသူများအတွက်အလားအလာမှာ ညံ့ဖျင်းနေသေးကြောင်း၊ လွန်ခဲ့သည့် (၂၅)နှစ်အတွင်းကပင် လိုအပ်သည့်အချိန်တွင် အလုပ်ပေးရန်အတွက် လူငယ်အနည်းငယ်ကို သင်တန်းသားပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ အသစ်ဝင်ရောက်လာသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းမှုတစ်ခုတည်း (သို့မဟုတ်) အလုပ်တည်နေရာတစ်ခုတည်းကိုသာ ရွေးချယ်အာရုံစိုက်မနေသင့်ဟု  Nahles က အကြံပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source:   https://www.dw.com/en/germany-news-germany-job-finding-chances-hit-  record-low/live-75279871

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany