China(Nanning)

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ်အတွက် စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ခဲ့

Last Updated:

စီမံခန့်ခွဲမှုအားကောင်းစေရန်နှင့် နယ်စပ်ဖြတ်ကျော် ယွမ် Renminbi (RMB) ဝန်ဆောင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘဏ်များအကြားနယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်(Cross-Border Interbank Payment System-CIPS)၏စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း တရုတ်ဗဟိုဘဏ်က ၂၆-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

CIPS သည် တိုးတက်လာကာ အသုံးပြုသူဦးရေတိုးလာသဖြင့် သုံးစွဲသူများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များကိုဖြည့်ဆည်းရန် ယခင်စည်းမျဉ်းများသည် လုံလောက်မှုမရှိတော့သောကြောင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ် ကြောင်း တရုတ်ဗဟိုဘဏ်၏ အဆိုအရ သိရှိရသည်။

အဆင့်မြင့်တင်ထားသည့်စည်းမျဉ်းများသည် သုံးစွဲသူများနှင့် လုပ်ငန်းအဖွဲ့အစည်းများအတွက် အကောင့်မှတ်ပုံတင်ခြင်း၊ သုံးစွဲသူ များ၏ ငွေကြေးပိုင်ဆိုင်မှုနှင့် သုံးစွဲသူများအကြား ငွေဖြစ်လွယ်မှုကို စီမံခန့်ခွဲခြင်းအပါအဝင် လုပ်ဆောင်ချက်များစွာကို စံသတ်မှတ်ထားကြောင်း သိရှိရသည်။

စည်းမျဉ်းများသည် CIPS စနစ်၏ငွေ‌ပေးချေမှုယန္တရားကို ပြန်လည်ပြင်ဆင်ထားကာ တန်းစီမှုကို စီမံခန့်ခွဲခြင်း၊ အရောင်းအဝယ်ပယ်ဖျက်ခြင်းနှင့် ငွေပြန်လည်လွှဲပြောင်းခြင်းတို့အတွက် လိုအပ်ချက်များကို ရှင်းလင်းဖော်ပြထားကြောင်း သိရသည်။ ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: https://english.www.gov.cn/news/202512/27/content_WS694f8842c6d00ca5f9a 084c9.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)