USA

ဉာဏ်တုနည်းပညာ(Artificial Intelligence, AI) ဆိုင်ရာအမျိုးသားမူဝါဒမူဘောင်ကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်အစိုးရသည် ပြည်နယ်အသီးသီး၏ ဥပဒေများကြောင့် ကုန်ကျစရိတ်များပြားပြီး တစ်သမတ်တည်းညီညွတ်မှုမရှိသော လုပ်ထုံးလုပ်နည်းများမှ အမေရိကန်ဉာဏ်ရည်တုနည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှုများကို ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence, AI)ဆိုင်ရာ အမျိုးသားမူဝါဒမူဘောင်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါမူဘောင်အရ ရှေ့နေချုပ်အား AI အမှုများတရားစွဲဆိုမှုဆိုင်ရာလုပ်ငန်းအဖွဲ့(AI Litigation Task Force)ကိုဖွဲ့စည်း၍ တီထွင်မှုကိုအန္တရာယ်ဖြစ်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော၊ ကြိုတင်ကာကွယ်ထားသော သို့မဟုတ် တရားမဝင်သည့် ပြည်နယ်ဥပဒေများကို ကန့်ကွက်သွားရန်ညွှန်ကြားကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား အမျိုးသား AI မူဝါဒပါ ဦးစားပေးအချက်များနှင့်ကိုက်ညီမှုမရှိသည့် ပြည်နယ်ဥပဒေများအပေါ်သုံးသပ်ချက်များ ထုတ်ပြန်ရန်နှင့် ယင်းပြည်နယ်ဥပဒေများအရ ထုတ်ပေးလျက်ရှိသည့်ရန်ပုံငွေကို ထုတ်ပေးခြင်းမပြုဘဲ ထိန်းထားရန်ညွှန်ကြားကြောင်း၊ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်နှင့် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်တို့ကိုလည်း သုံးစွဲသူများကို လိမ်လည်နိုင်ရန် AI ကုမ္ပဏီများကို တွန်းအားပေးနေသည့် ပြည်နယ်များ၏လုပ်ဆောင်မှုအပေါ် ကန့်သတ်မည့် အရေးယူမှုများပြုလုပ်ရန် ညွှန်ကြားကြောင်းနှင့် AI ဥပဒေမူဘောင်တစ်ရပ်ကို ရေးဆွဲသွားရန်ဖြစ်ကြောင်းဖြင့် အမိန့်တွင်ဖော်ပြထားပါသည်။

Source: White House

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA