Korea

Special Purpose Vehicle (SPV) အစီအစဉ်ကို ကိုရီးယားဝမ် (၁၀) ထရီလီယံဖြင့် ထူထောင်လျက် Corporate Bonds & Commercial Papaers များကို အတိုးနှုန်းနည်းစွာဖြင့် ကုမ္ပဏီများထံမှ ဝယ်ယူပေးမည့်အစီအစဉ်

Last Updated:

ပြည်တွင်းငွေချေးစာချုပ်ကဏ္ဍအတွက် တောင်ကိုရီးယားအစိုးရနှင့် ဗဟိုဘဏ် Bank of Korea (BOK) တို့သည် Special Purpose Vehicle(SPV)အစီအစဉ်ကိုထူထောင်လျက် Corporate Bonds & Commercial Papaers များကို အတိုးနှုန်းနည်းစွာဖြင့် ကုမ္ပဏီများထံမှ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊ SPV အစီအစဉ်သည်အရင်းအနှီးခေါ်ယူမှုပုံစံမျိုးဖြစ်ပြီး မိတ်ဖက်လုပ်ငန်းများမှငွေကြေး လိုအပ်ချက်ပေါ်ပေါက်လာပါက ချေးငွေများစီစဉ်၍ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် ဗဟိုဘဏ် Bank of Korea (BOK) မှ ကိုရီးယားဝမ် (၈) ထရီလီယံနှင့် Korea Development Bank (KDB)ဘဏ်မှချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေ ကိုရီးယားဝမ် (၂) ထရီလီယံတို့ပါဝင်ပြီး စုစုပေါင်း ကိုရီးယားဝမ် (၁၀) ထရီလီယံ ဖြစ်ကြောင်း၊ KDB ၏ (၂) ထရီလီယံအနက် (၁) ထရီလီယံသည် KDB ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေအဖြစ် နိုင်ငံတော်ရန်ပုံငွေတွင် ထည့်ဝင်သွားမည်ဖြစ်ကြောင်း၊ SPV အစီအစဉ်အား လုပ်ငန်းရှင်များ၏လိုအပ်ချက်ပေါ်မူတည်၍ ကိုရီးယားဝမ် (၂၀) ထရီလီယံအထိ (၂)ဆ တိုးမြှင့်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

ဤအစီအစဉ်သည် အမေရိကန်ပြည်ထောင်စု US Federal Reserve ၏ မတ်လတွင် ဆောင်ရွက်ခဲ့သော Primary Market Credit Facility နှင့် Secondary Market Corporate Credit Facility တို့အပါအဝင် SPVs အစီအစဉ်များကို နမူနာယူ၍ ဖြစ်တည် လာခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု ငွေတိုက်၏ဆုံးဖြတ်ချက်အရ ဗဟိုဘဏ်အတွက် ချေးငွေဆိုင်ရာဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်များကိုလျှော့ချနိုင်ရေး Exchange Stabilization Funds ရန်ပုံငွေကို SPVs အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တောင်ကိုရီးယား၏အစီအစဉ်သည်လည်း အလားတူဖြစ်ပြီး၊ ချေးငွေကြောင့်ဖြစ်ပေါ်လာနိုင်ချေရှိသည့် မမျှော်မှန်းနိုင်သည့် Risk (၂၀) ရာခိုင်နှုန်းကို အစိုးရနှင့် KDB ဘဏ်တို့မှ ဗဟိုဘဏ် (BOK) အတွက် မျှ၍ တာဝန်ယူထားခြင်းပင်ဖြစ်ကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့ )

Category: Korea