India (Delhi)

အိန္ဒိယအစိုးရသည် ဗီယက်နမ်၏ ဓာတုဗေဒပစ္စည်းများအပေါ် တန်ပြန်အခွန်ကောက်ခံရန် စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ဆောင်ရွက်

Last Updated:

အိန္ဒိယအစိုးရသည် ပြည်တွင်းလုပ်ငန်းရှင်များ၏ တိုင်ကြားချက်အရ ပလတ်စတစ် လုပ်ငန်းတွင်အသုံးပြုသော Calcium Carbonate Filler Masterbatch ကို ဗီယက်နမ်မှ အလွန်တိုးမြှင့် တင်သွင်းခြင်းအတွက် တန်ပြန်အကောက်ခွန် ကောက်ခံနိုင်ရန် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်မှုသည် ဗီယက်နမ်မှ ပံ့ပိုးထောက်ပံ့ပေးထားသည့်  သွင်းကုန်ပစ္စည်းများမြင့်မားလာမှုမှ ပြည်တွင်းထုတ်လုပ်သူများကို ကာကွယ်ရန်ရည်ရွယ်ခြင်းဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုကို ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ ဌနခွဲတစ်ခုဖြစ်သည့် ကုန်သွယ်မှုကုစားရေးညွှန်ကြားရေးမှူးရုံး ( Directorate General of Trade Remedies -DGTR) မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အိန္ဒိယမှ ကုန်သည်လုပ်ငန်းရှင်များက DGTR သို့ တိုင်ကြားသည့်စာတွင် အိန္ဒိယသို့ တင်ပို့ သည့်ကုန်ပစ္စည်းအား ဗီယက်နမ်အစိုးရမှ ထောက်ပံ့မှုများစွာပြုလုပ်ထားသဖြင့် ၎င်းတို့၏ လုပ် ငန်းများအပေါ် သက်ရောက်မှုများရှိနေကြောင်း စွပ်စွဲပြောဆိုထားပြီး အဆိုပါသွင်းကုန်များအပေါ် တန်ပြန်အခွန်စည်းကြပ်ရန် တောင်းဆိုထားသည်။

ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းမှတင်ပြသော သက်သေအထောက်အထားများအပေါ် အခြေခံ၍ ကုန်ပစ္စည်းထောက်ပံ့မှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက   စုံစမ်းစစ်ဆေးမှုများကို စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးမှုများတွင် DGTR သည် ထုတ်ကုန်နှင့်စပ်လျဉ်း၍ စွပ်စွဲထားသော ထောက် ပံ့ကြေးများ၏အတိုင်းအတာနှင့် အကျိုးသက်ရောက်မှုကို ဆုံးဖြတ်မည်ဖြစ်ပြီး၊ အခွန်ကောက်ခံ မည်ဆိုပါက ပြည်တွင်းစက်မှုလုပ်ငန်းအတွက် ထိခိုက်နစ်နာမှုကိုကုစားနိုင်ရန်အတွက် လုံလောက်မည့် အခွန်ပမာဏကို အကြံပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗီယက်နမ် ထုတ်လုပ်သူ/ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့အစိုးရ၏ မတူညီသော ပြည်နယ်များနှင့် မျိုးစုံသောထောက်ပံ့မှုများမှ အကျိုးအမြတ်ရရှိခဲ့သည်ဟု အိန္ဒိယလုပ်ငန်းရှင်များက စွပ်စွဲထားသည်။

တန်ပြန်အကောက်ခွန်သည် ပို့ကုန်နိုင်ငံများ၏အစိုးရများမှ ပံ့ပိုးပေးထားသော တရားမျှတ မှုမရှိသည့် ကုန်သွယ်မှုဆိုင်ရာထောက်ပံ့ကြေးများကြောင့် မိမိနိုင်ငံ၏ ပြည်တွင်းစက်မှုလုပ်ငန်း များအား ကာကွယ်ရန်ချမှတ်ဆောင်ရွက်နိုင်သည့်   အခွန်အမျိုးအစား တစ်ရပ်ဖြစ်သည်။

 

အိန္ဒိယနိုင်ငံသည် ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံကဲ့သို့ နိုင်ငံများမှ သံမဏိအမျိုးအစားအချို့တင်သွင်းခြင်းအပေါ် တန်ပြန်ခွန်နှင့် စုပြုံတင်ပို့မှုဆိုင်ရာ အခွန်အခ များကိုလည်း ချမှတ်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

ဗီယက်နမ်သည် အာဆီယံအဖွဲ့တွင် အိန္ဒိယ၏ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပို့ကုန်တင်ပို့မှုသည် ၂၀၂၃-၂၄ တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၇ ဘီလီယံရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၄ ဘီလီယံရှိခဲ့သည်။

သို့ဖြစ်ပါ၍ ကုန်သွယ်မှုတွင် မျှတမှုမရှိဘဲ တစ်ဘက် ကုန်သွယ်ဘက်နိုင်ငံက ရည်ရွယ်ချက် ရှိစွာဖြင့် ကုန်သည်လုပ်ငန်းရှင်များအား ထောက်ပံကူညီပံ့ပိုးမှုများဆောင်ရွက်လာပါက မိမိ ပြည် တွင်းလုပ်ငန်းရှင်များအား အကာအကွယ်ပေးနိုင်ရန်အတွက် တန်ပြန်အခွန်နှင့် စုံပြုံတင်ပို့မှုဆိုင် ရာ အခွန်အခများ ချမှတ်ကျင့်သုံးသည့် အလေ့အထအား သိရှိနိုင်ပါရန်နှင့် လိုအပ်သကဲ့သို့ လေ့လာ ဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။

Source: Govt starts countervailing duty probe on Vietnamese chemical, The Economic Times, 30 December 2025.

 စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: India (Delhi)