China(Beijing)

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ တွန်းအားပေးဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Qiang သည် သောကြာနေ့တွင် ကျင်းပသည့် နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေး၌ နိုင်ငံခြားကုန်သွယ်မှုတည်ငြိမ်ရေး မြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒအစီ အစဉ်များ ချမှတ်ခဲ့ကြောင်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်းများပြုပြင်ပြောင်းလဲ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များပါဝင်ကြောင်းလည်း သိရှိရပါသည်။

စီးပွားရေး စဉ်ဆက်မပြတ် ပြန်လည်ဦးမော့လာစေရန် ခိုင်မာသည့် ပံ့ပိုးကူညီမှုများပေးရေး၊ နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စွာ မြှင့်တင်ရန် လုပ်ငန်းများ ခိုင်မာမှုရှိစေရေး ၊ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုး ကူညီမှုများမြှင့်တင်ရေး၊ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးပေး သည့်ချေးငွေများ အပြည့်အဝအသုံးချစေရေးအပါအဝင် လုပ်ငန်းအစီအစဉ် အများအပြား ချမှတ်ရန် ပြောကြားခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ငွေလဲနှုန်းဆိုင်ရာစိန်ခေါ်မှုများ စီမံခန့်ခွဲရာ၌ ၎င်းတို့၏ စွမ်းဆောင်ရည် အားကောင်းစေရေးအတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု အခြေခံပိုမိုကောင်းမွန် အောင်ဆောင်ရွက်ခြင်းစသည်တို့ပါဝင်ကြောင်းလည်း သိရှိရပါသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားကုန်သွယ်မှုအတွက် ခေတ်မီထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများတည်ထောင်ရေး၊ အစိမ်းရောင်ကုန်သွယ်မှု၊ နယ်စပ် ဒေသ ကုန်သွယ်မှုလုပ်ငန်းများအပြင် ဘက်စုံဆက်စပ်ဇုန်များရှိ ပြည်ပကုန်စည် ပြုပြင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ အပြန်အလှန်ဗီဇာကင်းစင်ရေး သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိရပါသည်။

သက်ကြီးရွယ်အိုဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန်နှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်း အစီ အစဉ်များ စနစ်တကျ အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီး ရွယ်အိုများ ကောင်းမွန်စွာ နေထိုင်နိုင်ရေး ထောက်ပံ့ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံသက်ကြီး ရွယ်အိုစောင့်ရှောက်ရေး ဝန်ဆောင်မှုများနှင့် ဝန်ထမ်း လေ့ကျင့်သင်ကြားမှုများ အားကောင်းစေရေး ကြိုးပမ်းဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သော သို့မဟုတ် တစ်ယောက်တည်းနေထိုင်သည့် သက်ကြီးရွယ်အိုများ စားသောက်ရာတွင်ကူညီဆောင်ရွက်ပေးခြင်းနှင့် ရေချိုးပေးခြင်းစသည့်ဝန်ဆောင်မှုများကို အဓိကထားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေး၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းဝယ်လိုအားတိုးချဲ့ရန် အတွက် သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်သူများသုံးစွဲမှုအလား အလာကောင်းလာစေရေး ပိုမိုကြိုးပမ်းအားထုတ်သင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

 

Source: http://en.people.cn/n3/2024/1109/c90000-20239416.html

စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ    

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: China(Beijing)