ဗီယက်နမ်နိုင်ငံ နိုင်ငံတော်ဘဏ် ဟိုချီမင်းဘဏ်ခွဲ မှ ဒုတိယညွှန်ကြားရေးမှူး Nguyen Buc Lenh ၏ အဆိုအရ ၂၀၂၅ ခုနှစ် ပထမရက် ၂၀ အတွင်း ပြည်ပငွေလွှဲပို့မှု အမေရိကန်ဒေါ်လာ ၄၉၃ သန်း နီးပါးရှိကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် အစောပိုင်းမှ ယခုအချိန်အထိ ဟိုချီမင်းမြို့တော်သို့ ငွေလွှဲစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၀.၀၄ ဘီလီယံခန့်ရှိပြီး အရှေ့တိုင်းနှစ်သစ်ကူး (Tet) ကာလတွင် ပြည်ပ ငွေလွှဲမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလကုန်တွင် ငွေလွှဲမှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ စံချိန်တင်ရရှိခဲ့ကြောင်း Mr. Lenh က ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ မြင့်တက်လာမှုများသည် ဗီယက်နမ်နိုင်ငံ၏ ငွေကြေးဈေးကွက်တည်ငြိမ်မှု၊ မက်ခရို စီးပွားရေးတည်ငြိမ်မှုနှင့် လိုက်လျောညီထွေရှိသော ငွေလဲလှယ်နှုန်းမူဝါဒများကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ထိရောက်သောမူဝါဒများနှင့် အသုံးပြုရလွယ်ကူသော ငွေပေးချေမှု စနစ်များသည် ငွေလွှဲပို့ ခြင်းများကို ထိထိရောက်ရောက်ဆွဲဆောင်နိုင်သည့် အဓိကအချက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။
ဘဏ်များသည် နည်းပညာပိုင်းတွင် သိသိသာသာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ကြပြီး အထူး သဖြင့် အရှေ့တိုင်းနှစ်သစ်ကူး (Tet) အားလပ်ရက်အတွင်း ငွေလွှဲပို့မှုများမြှင့်တင်ရန်အတွက် အရောင်း မြှင့်တင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
Vietcom Bank ၏ ငွေလွှဲဌာနသည် ၎င်း၏ နည်းပညာကိုမြင့်တင်ပြီး ငွေပေးချေမှု ကွန်ရက်ကို တိုးချဲ့ခဲ့ကြောင်း၊ Agribank သည် သုံးစွဲသူများအတွက် ဗီယက်နမ်ဒေါင် ၁.၃ ဘီလီယံ ကျော်တန်ဖိုးရှိ ဆုများ ဆွတ်ခူးနိုင်မည့် အခွင့်အရေးများပါရှိသည့် ပရိုမိုရှင်းတစ်ခုလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြ ထား ပါသည်။
Western Union ဘဏ်သည် ၎င်း၏ ဘဏ်ခွဲများတွင် ငွေလွှဲဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ Sacom ဘဏ်သည် မတ်လ ၃၁ ရက်နေ့အထိ Sacom ဗီဇာ ငွေပေးချေ ကတ်များမှ တစ်ဆင့် ငွေလွှဲလက်ခံရရှိသူများအတွက် ဗီယက်နမ်ဒေါင် ၁ သန်းအထိ ပရိုမိုရှင်း အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: Vietnam Plus
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)