Phillippines

မိုးများသဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြောင်းထုတ်လုပ်မှုကဏ္ဍတွင် ပျက်စီးမှုများနိုင်ကြောင်းခန့်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင် ဆိုးရွားသည့်ရာသီဥတုကြောင့် ပြောင်းထုတ်လုပ်မှုတွင် ပျက်စီးဆုံးရှုံးမှုများ နိုင်သဖြင့် အချို့သော ပြောင်းတောင်သူများသည် ၎င်းတို့၏ စိုက်ပျိုးမည့်အချိန်များအား ရွှေ့ဆိုင်းနိုင် ကြောင်း ဖိလစ်ပိုင်ပြောင်းဖက်ဒရေးရှင်းမှ ပြောကြားခဲ့ပါသည်။ ဆိုးရွားသည့်ရာသီဥတုအခြေအနေ များ၊ တိုင်ဖွန်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် အချို့သော ပြောင်းစိုက်ပျိုးသည့် ဧရိယာများ တွင် စိုက်ပျိုးချိန်နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားခဲ့ပါသည်။ သို့ဖြစ်၍ အချို့သောဧရိယာများတွင် အပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး အချို့သောဧရိယာများမှာ စိုက်ပျိုးနေဆဲအခြေအနေများသာ ရှိသေး ကြောင်း ဖိလစ်ပိုင်ပြောင်းဖက်ဒရေးရှင်းဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။

အပူပိုင်းပစိဖိတ်ဒေသတွင်းဖြစ်ပေါ်နေသော လာနီညာအခြေအနေကြောင့် နောက်လာမည့်လ များအွင်း အပူပိုင်းဆိုင်ကလုန်းများဖြစ်ပွားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ မြင့်တက်လာနိုင် ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ခန့်မှန်းထားရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ပြောင်း စိုက်ရာသီမှာ ပုံမှန်အားဖြင့်  အောက်တိုဘာလတွင်စပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံ ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁.၉၃ သန်း၊ ၁.၅% သို့ ကျဆင်းခဲ့ပါကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။  

သို့သော်မိမိတို့အနေဖြင့် ပြောင်းဈေးနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ပိုမိုကောင်းလာနိုင်ရန်နှင့် အထွက်နှုန်းပိုမိုကောင်းမွန်ရန် မျှော်မှန်းထားပါကြောင်း၊ ရိတ်သိမ်းပြီးချိန်နောက်ပိုင်း လိုအပ်သည့် အထောက်အပံ့များမှာလည်း အရေးကြီးသည်ကို သိရှိပါကြောင်း၊ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ လည်း ပြည်တွင်းလိုအပ်ချက်၏ ၈၅% ထိတိုးမြင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ သည်။ ပြောင်းဝါ၊ ဂျုံ၊ ပဲပိစပ်နှင့် နှံစားပြောင်းများသည် တိရိစ္ဆာန်အစာအတွက် ကုန်ကြမ်းများ ဖြစ် သဖြင့် ပြည်တွင်းလိုအပ်ချက်နှင့်ပြည့်မှီစေရန် မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပမှ တင်သွင်းနေရ ခြင်းဖြစ်ပါသည်။ ပြောင်းဖြူမှာ လူများစားသုံးရန်နှင့် အစားအသောက်များထုတ်လုပ်ရာတွင် သုံးစွဲပါ သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကြက်၊ ဝက်မွေးမြူရေးကဏ္ဍနှင့် အစားအသောက်ကဏ္ဍတို့မှ ပြောင်းဝယ်ယူ မှုမြင့်တက်နေသဖြင့် ပြည်တွင်းပြောင်းလိုအပ်ချက် မြင့်မားနေခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေးဝန်ကြီး ဌာနမှ အကောင်အထည်ဖော်နေသည့် National Corn Program အရ ၂၀၂၅ ခုနှစ်အတွင်း ပြောင်းဝါ စိုက်ဧက တစ်ဟက်တာလျှင် ၅.၁၇ တန်နှင့် ပြောင်းဖြူ စိုက်ဧက တစ်ဟက်တာလျှင် ၂.၂၉ တန်ထိ တိုးမြင့်ထွက်ရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: Phillippines